မုံရွာ၊ ဖေဖော်ဝါရီ – ၉
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှု သုံးရက်မြောက်အဖြစ် မုံရွာမြို့တွင် လူပေါင်း သိန်းချီပါဝင်ကြသည်။ မုံရွာတွင် လူ ၅ ဦးထက်ပိုမစုရ ဒေသန္တရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ်ထွေအုပ်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။ ဆန္ဒပြလမ်းကြောင်းတစ်လျောက် လူထုသည်အကြမ်းမဖက် ငြိမ်းချမ်းစွာ လှည့်လည်ခဲ့ကြသည်။













