ပဲကြာဆံ

0
188

စစ်ကိုင်းတိုင်းသည် ပဲမျိုးစုံထွက်ရာ ဒေသတစ်ခုဖြစ်သည်။ ပဲကြာဆံသည် မုံရွာဒေသ ထုတ်ကုန်များထဲက တစ်ခုဖြစ်သည်။ မုံရွာစက်မှုဇုန်နှင့် အနီးတဝိုက် ရွာများတွင် ပဲကြာဆံစက်ရုံပေါင်း ၄၀ နီးပါးရှိပြီး အနယ်အနယ်အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချကြသည်။ အဆင့်ပေါင်းများစွာ လူအင်အားများစွာဖြင့် လုပ်ရသည့် ပဲကြာဆံလုပ်ငန်းအကြောင်း ယခုတပတ် ဓာတ်ပုံကဏ္ဍအဖြစ် ဖော်ပြပေးလိုက်ပါသည်။

အခြေခံအားဖြင့် ပဲလေးမျိုးကို ရေပူ၊ ရေအေးတို့နှင့် တစ်ရက်ခန့်စိမ်ထားရသည်။ (ကုလားပဲ၊ ပဲရင်း၊ စားတော်ပဲ၊ စွန်တာနီ) ဓာတ်ပုံ – အောင်ဇော်ဇော်
စက်ဆုံထဲထည့်ကာ ပဲအရည်ရအောင်ကြိတ်ရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ပဲအရည်များကို အနည်ထိုင်စေပြီးမှ ပဲအနှစ်ရယူသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ပဲအနှစ်များခြောက်သွေ့စေရန် နေပြရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
တဖန် ကော်မှုန့်နှင့်ကျိုကာ လက်ဖြင့်နယ်ရပြန်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ပုံစံခွက်ဖြင့် ပဲကြာဆံဖြစ်အောင် လုပ်ရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကပ်မသွားစေရန် ရေအေးထဲတွင် စိမ်ရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
တစ်ရက်ခန့် အလုံခန်းအတွင်းထားပြီးနောက် စားသုံးနိုင်သော ပဲကြာဆံ ဖြစ်လာသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်

LEAVE A REPLY

Please enter your comment!
Please enter your name here