ပြည်တွင်း၌ သနပ်ခါးအများဆုံးစိုက်သော အရာတော်တွင် စိုက်ပျိုးမှု လျော့ကျလာ

0
246

​​​​မြန်မာတစ်ပြည်လုံးတွင် သနပ်ခါး​ြအများဆုံးစိုက်ပျိုးသော အရာတော်မြို့နယ်တွင် လွန်ခဲ့သောငါးနှစ်အတွင်း
သနပ်ခါးစိုက်ပျိုးမှု ဧကတစ်ရာခန့်လျှော့နည်းသွားသည်ဟု မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းထံမှသိရသည်။


လွန်ခဲ့သည့် ငါးနှစ်ခန့်က စစ်ကိုင်းတိုင်းတွင် သနပ်ခါးစိုက်ပျိုးမှု ဧကသုံးသိန်းကျော်ရှိခဲ့သော်လည်း အရာတော်မြို့နယ်တစ်ခုတည်းတွင်ပင် ဧကတစ်သိန်းကျော်အထိရှိခဲ့ပြီး ယခုအခါတွင် ဧက တစ်သိန်းအောက် လျှော့ကျသွားပြီဖြစ်သည်ဟု မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ဆိုသည်။


“လုပ်အားခတွေလည်းများ လာတယ်။ သနပ်ခါးအမည်ခံ အလှကုန်တွေဝင်လာတယ်။ သနပ်ခါးဈေးကွက်ကကျလာတယ်။ သနပ်ခါးအရောင်းအဝယ်တွေ လေးကုန်တာပေါ့။ နိုင်ငံတော်အပိုင်းက ကြပ်ကြပ်မတ်မတ်မလုပ်ပေးနိုင်ဘူးဆိုရင် တောင်သူတွေရဲ့ဘဝဟာမကောင်းဘူးပေါ့” ဟု ၎င်းကပြောသည်။


ခြံပိုင်ရှင်များအနေဖြင့် ပွဲစားများထံသို့ အပင်အရေအတွက်နှင့် ရောင်းချခြင်းဖြစ်ပြီး အပင်၏အရည်အသွေးပေါ်မူတည်ကာ အပွေးအနှစ်ကောင်းလျှင် ကောင်းသလို တစ်ပင်လျှင် ၁၅၀ဝ၀၊ ၂၀ဝ၀ဝ၊ ၃၀ဝ၀ဝ အထိရှိ ခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မည်မျှပင် အပင်အပွေးကောင်းသော် လည်း တစ်ပင်လျှင် တစ်သောင်းပင်ဈေးမရတော့ကြောင်း တောင်သူများကဆိုသည်။


သနပ်ခါးဈေးမကောင်းသော်လည်းဈေးကွက်တွင် အရောင်းအဝယ်မှာ မူကောင်းလျက်ရှိနေသည်။ သို့သော်သနပ်ခါးပင်များ၏ နေရာတွင်လျှော်ဖြူပင်များနှင့် သရက်ပင်များကအစားထိုး နေရာယူလာကြသည်။စစ်ကိုင်းတိုင်းတွင် သနပ်ခါးစိုက်ပျိုးသောမြို့နယ်များသည် ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မုံရွာ၊ မြင်းမူ၊ ဘုတလင်၊ကန့်ဘလူနှင့် အရာတော်မြို့တို့ဖြစ်ပြီး
ဧကနှစ်သိန်းခွဲနီးပါးစိုက်ပျိုးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here