ဘွဲ့ရ အလုပ်လက်မဲ့များအတွက် စစ်ကိုင်းတိုင်းအစိုးရ အလုပ်ရှာပေးမည်

0
564

ဘွဲ့ရ အလုပ်လက်မဲ့ လူငယ်များနှင့် အသက်မွေးပညာရပ်တစ်ခု ကျွမ်းကျင် တက်မြောက်ပြီးအလုပ်ရှာဖွေနေသူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ အလုပ်အကိုင်များ ရှာဖွေပေးသွားမည် ဟု စစ်ကိုင်းတိုင်းအစိုးရမှ ကြေညာထားသည်။

ဘွဲ့တစ်ခု ရပြီးအလုပ်ရှာနေသူများအတွက် အစိုးရဌာန ဝင်ခွင့်များခေါ်လျှင် အချိန်နှင့်တပြေးညီ သိရှိစေရန် ဆက်သွယ်ပေးမည်ဖြစ်ပြီး အလုပ်ရှာဖွေနေသော ကျွမ်းကျင်လုပ်သားအတွက်မူ အစိုးရ တင်ဒါစီမံကိန်းလုပ်ငန်းများတွင် ခေါ်ယူအလုပ်ပေးသွားမည် ဟု ဝန်ကြီးဌာနက ဆိုသည်။

“မန္တလေးကကို ဖုန်းနဲ့ဆက်မေးစုံစမ်းတာရှိတယ်၊ ဒါပေမယ့် စစ်ကိုင်းတိုင်းပဲ အဓိက ဦးစားပေး ပါ၊အခမဲ့ အလုပ်ရှာဖွေပေးမှာပါ၊ အလုပ်လိုတဲ့သူအင်အားများရင် အထောက်အကူပြု သင်တန်းလည်း ဖွင့်ဖို့ လည်းရှိတယ် “ဟု စစ်ကိုင်းတိုင်း လဝက နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးဟန်ဝင်းထွန်း ကပြောသည်။

လာရောက်တင်သော လျောက်လွှာများစိစစ်ရန်နှင့် အလုပ်ပြန်စာများဆက်သွယ်ရန် လတ်တလောတွင် သီးသန့်အဖွဲ့ဖွဲ့စည်းထားခြင်းမရှိသေးပဲ ဝန်ကြီး၏ ရုးံအဖွဲ့မှသာ တာဝန်ယူလုပ်ဆောင်နေသည်ဟု သိရသည်။

“ အစိုးရက အလုပ်ပေးဖို့ခေါ်တာ အစိမ်းသပ်သပ် ဖြစ်နေသေးတယ်၊အလုပ်လိုတဲ့သူက တော့ ပိုက်ဆံသွင်းပြီးလျောက်ရတဲ့ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးတွေမှာလည်းလျောက်လွှာတင်မယ်၊အစိုးရဆီလည်းတင်မှာပဲ၊ ဝန်ဆောင်မှုပိုင်းကျ ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ အရမ်းလိုသေးတယ် “ဟု MyMonywa အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၏ ဦးဆောင်သူ ကိုလင်းလင်းမောင်က သုးံသပ်သည်။

မုံရွာရှိ အလုပ်အကိုင်ရှာဖွေအေဂျင်စီများဖြစ်သော MyMonywa ၊ Good Job Monywa၊Job Talent Monywa၊ ရွှေခရီးသည် တို့တွင် တစ်လလျင် အလုပ်လျောက်လွှာ လာရောက်တင်သူ စုစုပေါင်း ၈၀၀ နီးပါးရှိနေသည် ဟု ၎င်းအေဂျင်စီများထံမှ သိရသည်။

အလုပ်လျောက်ထားလိုသူများအနေဖြင့် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်းသို့ ယနေ့မှစ၍ လူကိုယ်တိုင်ဖြစ်စေ၊စာတိုက်မှ ဖြစ်စေ လျောက်နိုင်ပြီးအသေးစိတ်ကို ဖုန်း ၀၉-၇၉၄၇၇၇၀၇၀ သို့ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လျောက်လွှာပို့ရန်ပုံစံ

LEAVE A REPLY

Please enter your comment!
Please enter your name here