မကြာခင်ရုပ်လုံးပေါ်လာတော့မယ့် Apple နဲ့ Google တို့ရဲ့ COVID-19 တိုက်ဖျက်ရေး App

0
176

နည်းပညာလောကရဲ့ ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီနဲ့ Google ကုမ္ပဏီတို့ဟာ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ပူးတွဲကြိုးစားနေပါတယ်။ အခုအချိန်မှာတော့ သူတို့ကုမ္ပဏီနှစ်ခုဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို လျော့ကျစေနိုင်ဖို့အတွက် Exposure Notification လို့ခေါ်တဲ့ cross-platform App တစ်ခုကို ပူးတွဲထုတ်လုပ်ပေးလိုက်ပါပြီ။ ဒါ့အပြင် App အတွက် အသုံးပြုမယ့် ကနဦးပုံစံကုတ်တွေနဲ့ ကနဦး interfaces တွေကိုပါ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ API ဟာ Android ရော၊ iOS မှာပါ အသုံးပြုလေ့ရှိမှာပါ။

COVID-19 Positive ဖြစ်နေတဲ့ လူတစ်ယောက်နဲ့ ထိစပ်ခဲ့ခြင်း ရှိ ၊ မရှိကို ပြန်စစ်ကြည့်လို့ရတဲ့ Application တွေထဲမှာ အဆိုပါ API ကို ထည့်သွင်းပြီး အသုံးပြုသွားမှာပါ။

နိုင်ငံတကာမှာ Positive လူနာနဲ့ ထိစပ်ခဲ့ခြင်း ရှိ၊ မရှိ နောက်ယောင်ခံ အသိပေးနိုင်စွမ်းရှိတဲ့ Application တွေကို အသုံးပြုဖို့ တိုက်တွန်းနေချိန်မှာ တစ်ဖက်မှာလည်း လူတွေရဲ့ လုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်လာခဲ့ပါတယ်။

Application တွေဟာ သွားခဲ့တဲ့ နေရာတွေကို မှတ်တမ်းရယူထားတဲ့အတွက်လည်း လူပေါင်းများစွာဟာ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကို အဆိုပါ Application တွေက ဝင်ရောက်စွက်ဖက်မှာကိုလည်း မလိုလားကြပြန်ပါဘူး။ အဆိုပါ နည်းပညာဟာ Bluetooth တစ်မျိုးတည်းကိုသာ အသုံးပြုတာဖြစ် ပြီးLocation ဆက်စပ်နေတဲ့ GPS တို့ကို အသုံးပြုခြင်း လုံးဝမလုပ်ပါ။ Bluetooth ကို ရွေးချယ်ခဲ့တဲ့ အကြောင်းကတော့ Bluetooth ဟာ Indoor ဖြစ်နေတဲ့နေရာတွေမှာ အလုပ်လုပ်နိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါအကူးစက်ခံထားရတဲ့ တစ်ယောက်ယောက်နဲ့ ထိစပ်ခဲ့ဖူးခြင်း ရှိ၊ မရှိ ကိုလည်း အနီးစပ်ဆုံး ခန့်မှန်းနိုင်စွမ်းလည်း ရှိနေပါတယ်။

အဆိုပါ App တွေကို မေလအလယ်လောက်မှာ အသုံးပြုဖို့ စတင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ App တွေ စထွက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အစိုးရတွေဆီက လက်တလောထုတ် ပြန်ထားတဲ့ COVID-19 ခြေရာခံ App တွေထဲမှာ Google နဲ့ Apple တို့ ပူးတွဲဖန်တီးထားတဲ့ API ကိုထည့်ပြီး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း အစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ဒီနေရာမှာ အရေးပါနေပြန်ပါတယ်။ ဒီ Feature ဟာ မိမိဖုန်းရဲ့ Bluetooth ဆွဲအားပေါ်မှာ မူတည်နေပြီး မိမိနဲ့အနီးပတ်ဝန်းကျင်က တခြား App တွေဆီလှမ်းချိတ်ဆက်ကာ မှတ်သားထားမှာဖြစ်ပါတယ်။ အချိန် ၁၄ ရက်အတွင်း ဒီလို မှတ်သားထားတဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်မှာ မဟုတ်ဘူး။ မိမိနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ လူတစ်ယောက်သာ တကယ်လို့ Positive ဖြစ်ကြောင်း ကြေငြာခဲ့ပါက မိမိဖုန်းဆီ ချက်ချင်းလှမ်းအသိပေးမှာလည်း ဖြစ်ပါတယ်။ Apple မှာတော့ သူ့ရဲ့ iOS 13.5 beta ဗားရှင်းမှာတော့ exposure notification API ကို ထည့်သွင်းထားတာကို တွေ့ရပြီး Setting ထဲမှာ ဒီ Feature ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Ref – theverge

LEAVE A REPLY

Please enter your comment!
Please enter your name here