မင်းကင်း-မြို့မလမ်းတွင် ခွေးဘီးလူးကားတစ်စီး တိမ်းမှောက်၊ ကလေး ၁ ဦးသေ

0
269

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ညောင်ကုန်းကျေးရွာ မင်းကင်း-မြို့မကားလမ်းတွင် ယနေ့ နေ့လည် ၁၂ နာရီအချိန်က ခွေးဘီးလူးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကလေး ၁ ဦးသေဆုံးခဲ့သည်။

မင်းကင်းမြို့မှ သင်္ဘောကျေးရွာသို့ ခရီးသည် ၇ ဦး တင်ဆောင် မောင်းနှင်လာ သည့်ကားသည် လမ်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်မှောက်မှုကြောင့် ခရီးသည် ၇ ဦးအနက် မင်းကင်းမြို့နယ် ကမ်းပြည့်ကျေးရွာ မဇွန်မိုးပွင့် ၄ နှစ်မှာ အခင်းဖြစ်ပွားနေရာတွင် သေဆုံးခဲ့ပြီး လူ ၅ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် မင်းကင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

ယာဉ်မှောက်မှုတွင် ယာဉ်မောင်း သူရအောင်အား မင်းကင်းမြို့မရဲစခန်းမှ (ပ) ၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here