မန်ကျည်းဖျော်ရည်သောက်ကြမယ်

0
563

အညာမှာနေတုန်းကတော့ အခုလို နွေရာသီရောက်တာနဲ့ တစ်အိမ်သားလုံး မန်ကျည်းဖျော်ရည်လုပ် သောက်ကြတော့တာပါပဲ။ချိုချို ချဉ်ချဉ်လေးနဲ့ သိပ်သောက်ကောင်းတာမို့ ကိုကာကိုလာတွေ ပက်ပစီတွေနဲ့တောင် မလဲနိုင်ပါဘူး။ ( အဲဒီ
တုန်းကလည်း ရှိမှမရှိတာကိုး) ကြိုက်ဆွဲမိုက်ဆွဲသောက်ကောင်းကောင်းနဲ့ သောက်မိရင်ပန်းကမ္ဘာထဲမှာ သံသရာလည်တာမျိုးလည်း ခဏခဏ မှတ်မိပါတယ်။ ဒါပေမယ့် မန်ကျည်းဖျော်ရည်ရဲ့ အာနိသင်ကိုတော့ မသိခဲ့ပါဘူး။ အသက်ကြီးလာတဲ့အချိန် ဓာတ်စာတွေနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်လေ့လာကြည့်တော့မှ မန်ကျည်းဖျော်ရည်ရဲ့အစွမ်းက မသေးပါလားဆိုတာ သိလိုက်ရပါတယ်။အခုအချိန်အညာမှာတော့ မန်ကျည်း ဖျော်ရည်လုပ်သောက်နေ လောက်ကြပါပြီ ဒီတစ်ပတ်တော့မန်ကျည်းဖျော်ရည်ကို စနစ်တကျလုပ်သောက်ရင်ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး တွေအကြောင်း ပွားချင်တယ်ဗျာ။

အသည်းနှင့် မန်ကျည်း နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာအဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီ အဆိပ်အတောက်တွေကို သင့်ရဲ့အသည်းက ဖယ်ရှားပေးတယ်၊ ဖြေပေးတယ်။ဒါကြောင့် သင့်အသည်း အားကောင်းဖို့ အရေးကြီးပါတယ်။ သင့်အသည်း သန့်ရှင်းနုပျိုစေဖို့ သဘာဝဆေးတဖုံအကြောင်း ဖော်ပြချင်ပါတယ်။အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးစသဖြင့် ပိုးတွေဟာအသည်း ထိခိုက်အားနည်းနေမှတွယ်လို့ရတာပါ။ အသည်းဟာ သန့်ရှင်းအားကောင်းနေရင် ဒီပိုးတွေ မတွယ်ကပ်နိုင်ပါဘူး။အသည်းကို ပိုးမတွယ်အောင် ဆေးကြောပေးဖို့လိုပါတယ်။ အသည်းဆေးကြောဖို့အတွက် သင်သောက်သုံးပေးရမှာက မြန်မာပြည်မှာ လက်လှမ်းမီပြီး အလွယ်တကူ ဖန်တီးနိုင်တဲ့ မန်ကျည်းဖျော်ရည်ပဲ ဖြစ်ပါတယ်။အသည်းကို ဆေးဖို့အကောင်းဆုံးက သဘာဝကပေးတဲ့ မန်ကျည်းဖျော်ရည်ပါ။ မန်ကျည်းသီးဟာအသည်းကို နုပျိုစေပြီး အသည်းခြောက်ခြင်း၊ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

မန်ကျည်းဖျော်ရည် (ရေနွေးနည်း)
မန်ကျည်းဖျော်ရည် လုပ်ဖို့က ဒီလိုပါ။မန်ကျည်းသီးမှည့် လက်တဆုပ်နဲ့ ထန်းလျက်အနည်းငယ်ကို မတ်ခွက်တခွက်ထဲ ထည့်ပြီးရေနွေးဆူဆူ လောင်းထည့်ပါ။ မနက်ပိုင်းက စနှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့်သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ရေခဲထည့်သောက်နိုင်ပါတယ်။ထန်းလျက်ဖျော်ရည်က အသည်းက အဆိပ်အပုပ်တွေ သာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေလည်း ဝမ်းအပျော့အဖြစ် သင်ခန္ဓာကိုယ်ကနေထွက်သွားပြီး ပေါ့ပါးလန်းဆန်းသွား စေပါလိမ့်မယ်။ အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်းအားကောင်းလာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။

မန်ကျည်းဖျော်ရည်(ရေအေးနည်း) နောက်တစ်နည်းလည်းရှိပါသေးတယ်။ ဒါကတော့ ရေအေးနဲ့လုပ်နည်းပါ။ မြေအိုး သေးသေးလေးထဲကိ်ုရေ မပြည့်တပြည့် ထည့်ပါ၊ ပြီးတော့မှမကျည်းသီး လက်တဆုပ်ခန့်çထန်းလျက် အလုံးသေးသေးလေးတွေ ၁၅
လုံးခန့် ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်၊ အဲဒီ၃မျိုးကို ဒီအတိုင်း ထည့်ပါ။ ကြာကြာစိမ်ထားပါ။မွှေစရာမလိုဘူး။ မွှေရင် အမှုံတွေ ထလာတယ်။တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့အရည်ကြည်ကိုသာ သောက်ပါ။ အာဟာရလည်း
ဖြစ်၊ ဆေးဝါးလည်း ဖြစ်ပါတယ်။


မကျည်းသီးကို ကြေးဘုရား
ကြေးခွက်တွေ အညှိတွေတက်နေတာတွေကိုပွတ်တိုက်ဆေးကြောပေးရင် ပြောင်လက်သွားတယ်။အသားကိုင်ထားတဲ့လက်တွေကိုမကျည်းသီးနဲ့ ဆေးပေးရင် အနံ့ ပျောက်တယ်။မကျည်းဖျော်ရည်ကို သောက်ခြင်းကြောင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်တယ်။ အပူများလို့ ရောဂါမျိုးစုံ ဖြစ်နေကြတာ။ ပြီးတော့ မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေတယ်။ ဝမ်းမှန်တယ်။ ဆီးမှန်တယ်။ ခံတွင်းရှင်းပြီးအနံ့ပျောက်တယ်။ မျက်လုံးကြည်တယ်။အဖိုး အဖွားတွေအတွက်လည်း အင်မတန်ကောင်းပါတယ်။ သဘာဝအသီးတွေကို ကိုယ့်ဘာသာ ဖျော်သောက်လို့ ဘာရောဂါမှ မဖြစ်တဲ့အပြင်ငွေကုန်ကြေးကျလည်း သက်သာတယ်လေ။မန်ကျည်းဖျော်ရည်ကို အနည်းဆုံး တစ်ပတ်တစ်ခါလောက် သောက်ပေးပါ။ လွန်ဘေးတန်ဆေးဆိုတဲ့အတိုင်း နေ့တိုင်းတော့ မသောက်သင့်ပါ။လူ့ခန္ဓာကိုယ်ထဲမှာ အသည်းဟာ အလုပ်အများဆုံး လုပ်ပေးရတဲ့ ကလီစာတစ်မျိုး ဖြစ်နေပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ထဲကအဆိပ်အတောက်များကို အသည်းက အမြဲတမ်းစစ်ထုတ်ပေးနေပါတယ်။ ဒါ့ကြောင့် အသည်ကျန်းမာဖို့ သိပ်အရေးကြီးပါတယ်။ဝမ်းဗိုက်ထဲက အဆိပ်အတောက်၊ အပူအပုပ်များ ကင်းစင်သွားပြီး အသည်းကောင်းသွားပြီဆိုရင် ပိုး၊ ဃ ပိုး စတာတွေလည်း မဖြစ်တော့ပါဘူး။အသားအရေလည်း စိုပြေလှပလာစေပါတယ်။ဒီလိုဖြစ်ဖို့အတွက်ကတော့ အများကြီးငွေကုန်ကြေးကျခံ ဆောင်ရွက်နေဖို့မလိုပါဘူး။ အဖြေကမန်ကျည်းဖျော်ရည်ပါပဲ။
မန်ကျည်းဖျော်ရည် လုပ်သောက်လိုက်ပါဦးမိတ်ဆွေ။
ကိုးကား – မြန်မာ့တိုင်းရင်း ဆေးနည်းအဖုံဖုံ

LEAVE A REPLY

Please enter your comment!
Please enter your name here