မုံရွာဂေဇက် ဓာတ်ပုံသတင်းထောက် ဖမ်းခံရ

0
73

မုံရွာ၊ မတ် – ၁

ယနေ့နံနက်ပိုင်းက မုံရွာမြို့ ကျောက္ကာလမ်းတွင် ဆန္ဒပြလူထုအား ဖြိုခွင်းမှု၌ သတင်းယူနေသော မုံရွာဂေဇက်မှ ဓာတ်ပုံသတင်းထောက်လေးမင်းစိုး ဖမ်းဆီးခံရသည်။

ဓာတ်ပုံဗီဒီယိုမှတ်တမ်းများအရ ရဲနှင့်စစ်တပ်မှ ၎င်းကိုအဆောက်အဦတစ်ခုမှ ဆွဲထုတ်ခေါ်ကာ ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အတူပါလာသည့် မုံရွာဂေဇက်မှ ဓာတ်ပုံသတင်းထောက်တစ်ဦးနှင့် လူချင်းကွဲပြီးနောက် ဖုန်းအဆက်အသွယ် မရတော့ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့်နေရာမှာ ကျောက္ကာလမ်းနှင့်နေဇာလမ်း အနီးတွင်ဖြစ်သည်။

သတင်းထောက်အား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာတိုက်မှ သက်ဆိုင်ရာသို့ ဆက်သွယ်နေဆဲဖြစ်သည်။