မုံရွာဆေးရုံကြီးတွင် အပူရှပ် လူနာ ၁၁ဦးရောက်၊ တစ်ဦးသေဆုံး

0
293

မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ဆေးရုံသို့ မေလ ယခုလ ၅ရက်နေ့မှစ၍ ၁၃ရက်ရက်နေ့အထိ အပူရှပ်ဝေဒနာဖြင့် ဆေးရုံတက်ရသူ ၁၁ ဦးရှိပြီး ရဲတပ်ကြပ်တစ်ဦးသေဆုးံခဲ့ကြောင်း ဆေးရုံ လူနာမှတ်တမ်းများ အရ သိရသည်။

ရောက်ရှိသည့် လူနာများတွင် အသက် ၂၀ကျော်အရွယ် လူငယ်၃ဦးပါဝင်ပြီး အသက် ၃၀၊၄၀၊၅၀၊၈၀ ဝန်းကျင် အရွယ်စုံဖြစ်သည်။

လူနာမှတ်တမ်းယူထားချက်များအရ အရက်သောက်များခြင်း၊အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း(Heat exhaustion)၊အပူကြောင့် သတိလစ်မေ့မြောခြင်း (Heat stroke) ဖြစ်ပြီး ရောက်လာကြခြင်းဖြစ်ပြီး အများစုမှာ အမျိုးသားများ ဖြစ်သည်။

“အရက်သောက်လို့ ရောက်လာတာက ပိုများတယ်။လက်ရှိရာက်လာတဲ့ လူနာအရေအတွက်ကတော့ နိုင်နင်းတဲ့ အခြေအနေမှာ ရှိပါတယ်။အရင်နှစ်တွေက ဒီလိုလူနာ မရှိခဲ့ဘူး”ဟု မုံရွာဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းဝင်းက ပြောသည်။

ရောက်ရှိလာသည့်လူနာ ၁၁ဦးတွင် ရဲတပ်ဖွဲ့ဝင် သုံးဦးပါဝင်ပြီး နေပူထဲတွင် အချိန်ကြာမြှင့်စွာလုပ်ကိုင်ရသည့်
ကုန်တင်ကုန်ချလုပ်ငန်းလုပ်သူ၊သုံးဘီးဆိုက်တွဲမောင်းသူ၊မုန့်ကြော်လုပ်ငန်းလုပ်ကိုင်သူ၊အရောင်းအဝယ်လုပ်ကိုင်သူ စသူတို့လည်းပါဝင်သည်။

ဆေးရုံတက် ကုသရသည်ထိ မဟုတ်ဘဲ ပြင်ပလူနာဌာနတွင် ဆေးထိုး၊ဆေးပေးရသည့် လူနာများလည်း ရှိကြောင်းသိရသည်။

ရောက်ရှိလာသည့် လူနာများတွင် သင်ရိုးသစ်အတွက် သင်တန်းတက်သည့် ဆရာ၊ဆရာမများ၊လုံခြုံရေးတာဝန်ထမ်းဆောင်ရသည့် ရဲတပ်သားများ စသည့်ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

“လူနာ ၆ဦးကတော့ ဒီဆေးရုံကနေဆင်းသွားပြီ။ ဆင်းသွားတဲ့ထဲမှာ မသက်သာဘဲ ဆင်းသွားတာ ၃ဦးပါတယ်။ကုဖို့ လက်လျော့လိုက်တာပေါ့။မန္တလေးဆေးရုံကြီးကို လွှဲလိုက်ရတဲ့ လူနာ တစ်ဦးရှိတယ်။”ဟု ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here