မုံရွာ၊ မတ် – ၃
မုံရွာ ပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း ပန်းစည်းနှင့် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်း ယနေ့ညနေက ပြုလုပ်သည်။
သွေးမြေကျခဲ့သော ဘုရားနီဘုရားအနီး ပြည်ထောင်စုလမ်းနှင့် အောင်မဟာလမ်း (အာသောကလမ်း)တို့တွင် ပြုလုပ်ခြင်းဖြစ်သည်။
ယနေ့တွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးသည်။
အခြားသော အမျိုးသားနှစ်ဦး သေဆုံးမှုရှိသည်ဟု သတင်းများရရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။





