မုံရွာတွင် ကြက်တောင်ဘောလုံးကစားနည်း သင်တန်း အိန္ဒိယနည်းပြများမှ လာရောက်ပို့ချ

0
66

အိန္ဒိယနိုင်ငံ၏ တော်ဝင်အားကစားဖြစ်သော Ball Badminton (ကြက်တောင်ဘောလုံး) အားကစားနည်းကို အိန္ဒိယ နည်းပြများမှ မုံရွာမြို့ မြသလ္လာတင်းနစ်ကလပ်တွင် ယနေ့မှစ၍ သင်တန်းပို့ချပေးနေပြီဖြစ်သည်။

ယင်းအစီအစဉ်ကို မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် လာရောက်ပို့ချခြင်းဖြစ်ပြီး ၂၂ ရက်ကြာမြင့်မည်ဖြစ်သည်။

” ဒီကစားနည်းကို ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲမှာ အိန္ဒိယ အမျိုးသားအားကစားနည်းအဖြစ် ထည့်သွင်းနိုင်ဖို့ လုပ်နေပါတယ်၊ အဖွဲ့ဝင်အင်အားများစေဖို့ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံကနည်းပြ ၂ ဦးကို မုံရွာလွှတ်ပြီးသင်တန်းဖွင့်တာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီး ဒါက်တာဇော်ဝင်းက ပြောသည်။

သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ အိန္ဒိယနိုင်ငံမဏိပူရ်
ပြည်နယ် မှ Ball Badminton အဖွဲ့ချုပ်အတွင်းရေးမှူး Shri YAJA RAO၊ တိုင်းဒေသကြီးအားကစားကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တင်းနစ် သင်တန်းသားများ အားကစားသမားများ တက်ရောက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here