မုံရွာတွင် ၂၀၁၉ အထိ မီးမကြာခဏပျက်ဦးမည်ဟု လျှပ်စစ်ဌာနပြော

0
328

အရည်အသွေးနိမ့် ဓာတ်ကြိုးများ ကို ဘတ်ဂျက်နှစ်အလိုက် ပြောင်းလဲ တပ်ဆင်ဦးမည်ဖြစ်သဖြင့် ၂၀၁၉ အစောပိုင်းလများအထိ မီးပျက်နိုင်ပြီး နောက်ပိုင်းတွင် မီးပျက်ချိန် သိသိ သာသာ ကျဆင်းလိမ့်မည်ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်က ပြောသည်။

ယခုရက်ပိုင်းအတွင်း မုံရွာမြို့နယ် တွင်း ရပ်ကွက်များ မီးမကြာခဏ ပျက် နေခြင်းမှာ ဓာတ်ကြိုးများ အဟောင်း အသစ်ပြောင်းလဲ တပ်ဆင်နေခြင်း ကြောင့်ဟု ၎င်းကဆိုသည်။

“တချို့ရပ်ကွက်တွေမှာ မီးပျက်နေ ရင် ရုံးကမသိတာရှိတယ်။ ရပ်ကွက်မှာ ထိုင်တဲ့ ထရန်စမော်မာရဲ့ ချို့ယွင်းချက်။ ဒါမှမဟုတ် အိမ်ကိုသွယ်တဲ့ ဓာတ်ကြိုး ချို့ယွင်းချက်ကြောင့် မီးပျက်တက် တယ်။ မီးပျက်တာ အများဆုံးက တပ်ဆင်ထားတဲ့ကြိုးတွေရဲ့ အရည် အသွေးမမှီတော့တာကြောင့် ချို့ယွင်း ချက်ဖြစ်ပြီးပျက်တာ” ဟု ဦးဇော်ဇော်က ပြောသည်။

လျှပ်စစ်ကြိုးဟောင်းအချို့ကို လျှပ်ကာပါသည့် ကြိုးများဖြင့် ပြောင်း လဲတပ်ဆင်ခြင်းနှင့် မြို့နယ်လျှပ်စစ် ရုံးအတွင်းရှိ ထရန်စဖော်မာ မိုးကြိုး ထိမှန်ခြင်းကြောင့် မြို့ပေါ်ရပ်ကွက် အချို့တွင် မီးပျက်ချိန် ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

မုံရွာမြို့နယ်တွင်း လက်ရှိတပ် ဆင်ထားတဲ့ မီးကြိုးများသည် နှစ်ပေါင်း ငါးဆယ်ကျော် သက်တမ်းရှိပြီဖြစ်ပြီး ကြိုးဆိုဒ်သေးသည့်အတွက် စီးဆင်း သည့်အမ်ပီရာကို မနိုင်သဖြင့် ပြတ်ကျ ခြင်း၊ ဓာတ်ကြိုးတစ်ခုနှင့် တစ်ခုထိခြင်း၊ သစ်ကိုင်းနှင့် ထိခြင်းများဖြစ်လျှင်ပင် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ် လျက်ရှိသည်။

“အရင်ရက်က နာရီသုံးဆယ်လောက် မီးပျက်သွားတယ်။ ဘာမှ အသိပေးတာမရှိဘဲပျက်တာ။ မီးစက် မောင်းရတော့ အပိုကုန်တာပေါ့။ လျှပ်စစ်ရုံးတော့ ဖုန်းမဆက်ဖြစ်ပါဘူး” ဟု အေးသာယာရပ်ကွက်နေသူတစ်ဦး က ပြောသည်။

မီးပျက်ပါက မြို့နယ်လျှပ်စစ်ရုံး ဖုန်း ဝ၇၁-၂၄၆၆၆၊ ဝ၇၁-၂၁၅၀၁၊ ဝ၉-၈၉၆၄၅၁၄၀၇ သို့ ဆက်သွယ်မေး မြန်းနိုင်သည်ဟုသိရသည်။ ကြိုးဖုန်းနှစ် လုံးမှာ မိုးရွာလျှင် လိုင်းပျောက်နေတက် သဖြင့် လက်ကိုင်ဖုန်းအား ဆက်သွယ် မေးမြန်းလျှင် ပိုအဆင်ပြေနိုင်သည်ဟု ဆိုသည်။

မုံရွာမြို့နယ်တွင်း ဓာတ်အား သုံးစွဲသည့်ပမာဏ ၃၂ မဂ္ဂါဝပ် ရှိနေပြီး လိုအပ်သည့် ဓာတ်အားစနစ် နိုင်နင်းမှု ရှိသည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာက ဆိုသည်။ ၎င်းအပြင် ခြောက်လဘတ်ဂျက်ဖြင့် ထရန်စဖော်မာ အသစ်ကိုးလုံး တပ်ဆင်နေသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here