မုံရွာပင်မသပိတ်စစ်ကြောင်းနောက်လိုက်လာသော ရဲတပ်ဖွဲ့မှ ရပ်ကွက်နေသူ သုံးဦးကို ရိုက်နှက်ဖမ်းသွား

0
124

မုံရွာ၊ မတ် – ၇

မုံရွာပင်မသပိတ်စစ်ကြောင်းနောက်လိုက်လာသော ရဲတပ်ဖွဲ့မှ ရပ်ကွက်နေသူ သုံးဦးကို ယနေ့ နံနက်က ရိုက်နှက်ဖမ်းခေါ်သွားကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူများမှာ နန္ဒဝန်ရပ်ကွက် အေးရိပ်သာလမ်း မြကမ္ဘာပွဲရုံပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦး ဖြစ်သည်။

ပင်မသပိတ်စစ်ကြောင်းသည် နန္ဒဝန်ရပ်ကွက်အတွင်း လှည့်လည်ဆန္ဒပြစဉ် ရဲနှင့်စစ်ကားများလိုက်လာရာ ရပ်ကွက်နေပြည်သူများမှ လမ်းပိတ်တားဆီးကြသည်။

“မင်းတို့ငါတို့လာမှ ဘာလို့လမ်းပိတ်တာလည်းဆိုပြီး တံခါးကို ရိုက်ချိုးဖွင့်ပြီး အိမ်ထဲကလူတွေ ရိုက်နှက်တာ။ ကျွန်မတို့လည်း သေနတ်နဲ့ချိန်ထားတယ်။ ကိုအေးမြင့်က ဆေးပြနေရတဲ့သူတစ်ယောက်ပါ။ ဆေးရုံစာအုပ်တွေလည်းရှိတယ်”ဟု ပွဲရုံမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများအတွက် မုံရွာခရိုင်ရှေ့နေများကွန်ယက်မှ လာရောက်မေးမြန်းကူညီမှုများ လုပ်ဆောင်နေသည်။

ပင်မသပိတ်စစ်ကြောင်း ဆန္ဒပြရာ နန္ဒဝန်ရပ်ကွက်အတွင်းသို့ ရဲနှင့် စစ်တပ်များ ဝင်ရောက်၍ လမ်းများသို့လှည့်လည်နေခဲ့သည်။