မုံရွာမြို့ခံအချို့ မြန်မာဘီယာဖြင့် ခြေဆေး

0
61

မုံရွာဂေဇက်
မုံရွာ၊ မတ် – ၆

မြန်မာဘီယာဖြင့် ခြေထောက်ဆေးခြင်းကမ်ပိန်းကို မုံရွာဒေသခံအချို့ ဗန္ဓုလလမ်းတွင် ယနေ့ မွန်းလွဲ ၃ နာရီခန့်က ပြုလုပ်သည်ကို တွေ့ရသည်။

“တပ်နဲ့ဆက်နွယ်လို့ပါ၊ မသောက်ဖူး၊ ခြေဆေးပစ်တာ၊ ဆိုင်ကလည်း လက်ကျန်ဖြတ်တာ၊ မရောင်းတော့ဘူးဆိုလို့”ဟု ပါဝင်သူတစ်ဦးက ပြောသည်။

ကမ်ပိန်းတွင် လမ်းသွားလမ်းလာများ မည်သူမဆို ပါဝင်ဆေးကြရန်ဖိတ်ခေါ်ခဲ့ပြီး ဝင်ရောက်ဆေးသူများရှိသည်ကိုလည်း တွေ့ရသည်။