မုံရွာမြို့နယ်မှ ကရာတေးဒို အားကစားမယ် ဂျပန်နိုင်ငံသို့ ပညာသင်ကြားခွင့်ရ

0
136

မုံရွာအား/ကာသိပ္ပံကျောင်းတွင် တက်ရောက်နေသော ကရာတေးဒို အားကစားမယ် မဆုမြတ်မြတ်နိုင်သည် ဂျပန်နိုင်ငံသို့ ပညာသင်ကြားခွင့်ရရှိခဲ့ပြီး ဧပြီလက သွားရောက်ခဲ့ကြောင်းသိရသည်။

မဆုမြတ်မြတ်နိုင်သည် မုံရွာမြို့နယ် ကျွန်းရွာသစ်ကျေးရွာမှ အသက် ၁၅ အရွယ် ဆယ်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၃ နှစ်ပညာသင်ကြားခွင့် ရရှိခြင်းဖြစ်သည်။

“ဂျပန်နိုင်ငံမှာကျင်းပမယ့် ၂၀၂၀ ပြိုင်ပွဲအတွက် ရွေးသွားတာပါ။ ဟိုမှာ ပညာလည်းသင်ပေးမယ်။ ဖွင့်ပွဲကိုလည်း လိုအပ်တဲ့နေရာမှာသုံးမယ်”ဟု အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(မုံရွာ)မှ ဒုကျောင်းအုပ် ဦးသန်းဌေးကိုကပြောသည်။

၂၀ ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာကစားသမား အောင်မြင်မှုရရှိစေရန်အတွက် ဂျပန်-မြန်မာ အိုလံပစ်ကော်မတီတို့ ညှိနှိုင်းချက်အရ ဂျပန်နိုင်ငံ SEISA Group of Kokusai High School တွင် ပညာသင်ကြားနေပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here