မုံရွာလူထုစက်ဘီးစီးပွဲ လူတစ်ထောင်ကျော်ပါဝင်စီးနင်း

0
129

မုံရွာလူထုစုပေါင်းစက်ဘီးနင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ လူတစ်ထောင်ကျော် ပါဝင်စီးနင်းခဲ့ကြသည်။

ယခင်နှစ်များက လူ၈၀၀ ခန့်သာ စီးနင်းခဲ့ကြပြီး ယခုနှစ်တွင် ပိုများလာသည်ဟု စစ်ကိုင်းတိုင်းအား/ကာဌာန ညွှန်မှူး ဦးသန်းအောင်က ပြောသည်။

မုံရွာပြည်သူ့အားကစားကွင်းမှ မိန်းလမ်းအတိုင်း ကျွဲရဲအဝိုင်း-ကျွဲရဲအဝိုင်းမှ တောင်သို့ ကမ်းနားလမ်းအတိုင်းမြို့ပတ်လမ်းအထိ-မြို့ပတ်လမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း မြောက်သို့ ပြည်သူ့အားကစားကွင်းအထိ စုပေါင်းနင်းခဲ့ကြခြင်း ဖြစ်သည်။

” လွန်ခဲ့တဲ့တစ်လလောက်ကစပြီး ကျန်းမာရေးကောင်းအောင်ဆိုပြီး စက်ဘီးဝယ်စီးနေတာပါ၊ အခုလိုစက်ဘီးပွဲတွေမကြာမကြာ လုပ်ပေးစေချင်တယ်၊ ကလေးတွေလည်းပျော် လူကြီးတွေလည်း ကျန်းမာရေးအရကောင်းပါတယ်”ဟုဝန်ကြီးချုပ်ပေးအပ်သည့် စက်ဘီးကံထူးသူ မုံရွာတောင်ညောင်ရိပ်သာရပ်နေ ကိုရဲလင်းထွန်းက ပြောသည်။

ပါဝင်စီးနင်းသူတိုင်း၏ စက်ဘီးဘောင်များတွင် ကံစမ်းမဲနံပါတ်ကို ကပ်ပေးလိုက်ပြီး စက်ဘီးအားလုံးပန်းဝင်လာအပြီးတွင်ကံစမ်းမဲနံပါတ်များနှိုက်ကာ စက်ဘီးများပေးခြင်း ဖြစ်သည်။

စက်ဘီးစီးနင်းပွဲတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ပေးအပ်သည့် စက်ဘီးကို မုံရွာတောင်ရပ်နေ ကိုရဲလင်းထွန်း၊ တိုင်းလွှတ်တော်ဥက္ကဌဦးသန်းပေးအပ်သည့် စက်ဘီးကို ချမ်းမြသာစည်ရပ်နေ မောင်အာကာမင်းပြည့်ဖြိုး၊ သိန်းလင်းစက်ဘီးဆိုင်မှပေးသော စက်ဘီးကို ဆူးလေကုန်းရပ်နေ မောင်ဇင်မင်းသန့်တို့က ရရှိခဲ့သည်။

လာမည့် ဒီဇင်ဘာ ၁၅ နှင့် ၂၉ ရက်တနင်္ဂနွေနေ့တွင် စီးနင်းမည့်ပွဲများ၌လည်း စက်ဘီး ၃ စီးကို ထပ်မံကံစမ်းမဲနှိုက်ချီးမြှင့်သွားမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here