မုံရွာသူနာပြု သားဖွားကျောင်းတွင် ဘက်စုံသားဖွားဒီပလိုမာ သင်တန်းဆင်း

0
291
မုံရွာ ဘက်စုံသားဖွားသင်တန်းကျောင်းသည်၂၀၁၃ ခုခုနှစ်မှစ၍ ဒီပလိုမာဘွဲ့ ချီးမြှင့်နိုင်ခဲ့သည်။ ဓာတ်ပုံ- အံ့ကြီးမောင်

မုံရွာမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဘက်စုံ-သားဖွားဒီပလိုမာအောင်မြင်
သူ၆၉ ဦးအား အောင်လက်မှတ်များ ယနေ့နံနက်ပိုင်းက ချီးမြှင့်အပ်နှင်းခဲ့သည်။

မုံရွာတွင် ဘက်စုံ-သားဖွားသင်တန်းကျောင်းကို ၁၉၆၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခင်က အောင်လက်မှတ်သာ ပေးနိုင်ခဲ့ပြီး ၂၀၁၃ခုခုနှစ်မှစ၍ ဒီပလိုမာဘွဲ့ ချီးမြှင့်နိုင်ခဲ့သည်။

“သူနာပြု-သားဖွားတိုးတက်ပြောင်းလဲလာဖို့ သူနာပြုသားဖွားတိုင်းမှာတာဝန်ရှိပါတယ်။ခေတ်မီတိုးတက်လာတဲ့
နည်းပညာတွေနဲ့အတူသူနာပြု-သားဖွားပညာရပ်ဟာလည်း ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးထားဆောင်ရွက်ဖို့ အရေးကြီးပါတယ် “ဟုမုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနော်မီမီချွန်ကပြောသည်။

အောင်လက်မှတ်အပ်နှင်းပွဲတွင်ကျောင်းအုပ်ကြီး မှ ကတိပြုမေးခွန်း၃ခုကိုမေး၍ သူနာပြုသစ္စာအဓိဌာန်၈ချက်ကိုသံပြိုင်သီဆိုကာ အောင်လက်မှတ်များ အပ်နှင်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here