မုံရွာ ကိုဗစ်ခံတပ်

0
78

မုံရွာမြို့နယ်တွင် အောက်တိုဘာ ၇ ရက်အထိ ကိုဗစ်လူနာ ၁၃ ဦးရှိထားပြီး စစ်ကိုင်းတိုင်းတွင် လူနာဒုတိယအများဆုံးမြို့တစ်မြို့ ဖြစ်နေသည်။ ဒုတိယလှိုင်းတွင် ကိုဗစ်ထိန်းချုပ် တိုက်ဖျက်ရေးအတွက် ဘက်ပေါင်းစုံမှ အားထည့်လုပ်ဆောင်နေကြသည်။ ကာကွယ်ရေး၊ လူနာစစ်ဆေးရှာဖွေရေး၊ ကုသပေးရေးတို့အတွက် စစ်ကိုင်းတိုင်းအုပ်ချုပ်ရေးမြို့တော် မုံရွာမြို့၏ ကြိုးစားအားထုတ်နေမှု ပုံရိပ်အချို့ကို ရိုက်ကူးတင်ဆက်လိုက်ပါသည်။

ဒုတိယလှိုင်းမှာလည်း မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေက အရေးပါဆုံးခံတပ်တွေပါ။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကုန်စည်စီးဆင်းမှုမှာ ကုန်ကားတွေက အဓိကကျလို့ ကူးသန်းသွားလာခွင့် ပေးထားရဆဲပါ။ ဓာတ်ပုံ – အောင်ဇော်ဇော်
နယ်ဝေးထွက်ခွာမယ့် ကုန်ကားသမားတွေကို ဗိုင်းရပ်စ်စစ်ဆေးမှု လုပ်ပေးတာတွေ ရှိပါတယ်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ဘယ်မြို့ကလာလာ မြို့နယ်၊ ကျေးရွာကျော်လာရင် ထောက်ခံစာပါမှ သွားလာခွင့်ရမှာပါ။ ဓာတ်ပုံ – အောင်ဇော်ဇော်
ဗိုင်းရပ်စစ်ပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ဖို့ရာ အဓိကပါ။ ဓာတ်ပုံ – အောင်ဇော်ဇော်
ပိုးတွေ့သူဆို ချက်ချင်း သီးခြားထားကုသနိုင်ဖို့ ဒီလိုစစ်ဆေးမှုတွေက အထောက် အကူပေးနေပါတယ်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ခံတပ်တွေလုံပါမှ လျှင်မြန်စွာ ရှာဖွေဖော်ထုတ် စစ်ဆေးနိုင်ပါမှ မြို့ခံ လူထုတွေ ကျန်းမာရေးလမ်းညွှန်ချက်တွေ လိုက်နာမှ ထပ်တိုးလူနာတွေ နည်းသွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ – အောင်ဇော်ဇော်