မုံရွာ၊ မတ် – ၂
ယနေ့ မုံရွာမြို့ ကျောက္ကာလမ်းတွင် ရဲနှင့်စစ်တပ်တို့ ချထားသည်။
ဆန္ဒပြလူထုသည် နံနက် ၁၁ နာရီခွဲအချိန်က လမ်းအပိုင်းလိုက်နေရာများတွင် အော်ဟစ်ဆန္ဒပြမှုများ လုပ်ကြသည်။
လူအစုလိုက်ဆန္ဒပြမှုကို လူစုခွဲစေရန် ရဲနှင့် တပ်မှ ချီတက်မှုများ လုပ်ဆောင်သည်။
လက်ရှိတွင် ကျောက္ကာလမ်းအချို့နေရာများ သွားလာလို့ရပြီဖြစ်သည်။


