မျိုးဆက်သစ်ဘောလုံးသမားများ ထွက်ပေါ်ရန် ကျောက္ကာရွာ ဘောလုံးပြိုင်ပွဲ တစ်လကျော်ကြာ ကျင်းပ

0
80

ဒေသတွင်းမျိုးဆက်သစ်ဘောလုံးသမားကောင်းများ ထွက်ပေါ်လာရေးအတွက် မုံရွာမြို့ ကျောက္ကာမြောက်ရွာတွင် ဘုရားပွဲ အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကို တစ်လကျော်အထိ ကျင်းပခဲ့သည်။

လူငယ်များ အားကစားစိတ်ဓာတ်ကို အခြေခံ၍ တခြားလူမှုရေးကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဒေသခံများဘောလုံးပွဲကောင်းကောင်းကြည့်ရစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်ဟု ကျောက္ကာမြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းကပြောသည်။

‘ငွေရေးကြေးရေးကတော့ အလှူရှင်တွေ၊ ရန်ပုံငွေတွေ ရှာရတယ်။ သက်ဆိုင်ရာအား/သိပ္ပံက ပစ္စည်း အထောက်အပံ့လေးတွေရရင်ကောင်းမယ် ၊ လုံခြုံရေးကိုလည်းရွာကလူတွေပဲ ကြီးကြပ်ကြတာ’ဟု ၎င်းက ဆက်ပြောသည်။

ကျောက္ကာရွာဘောလုံးပြိုင်ပွဲသည် မြို့နယ်အတွင်း ရက်ရှည်ကျင်းပသော တစ်ခုတည်းသော နာမည်ကျော် ဘောလုံးပြိုင်ပွဲဖြစ်ပြီး ကလပ်အသင်းပေါင်း ၁၆ သင်း ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဘောလုံးအသင်းများတွင် မြန်မာ့ လက်ရွေးစင်များ၊ မန္တလေးအားကစား နှင့် ကာယသိပ္ပံကျောင်းသားများ၊ ကျောက်မြောင်းမှ ဘောလုံးအသင်းများကိုလည်း ဖိတ်ခေါ်ထည့်သွင်းကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် မုံရွာနယ်ခံများမှ အသင်း ၉ သင်းပါခဲ့ပြီး ဗိုလ်လုပွဲကို ၂၁ ရက်နေ့တွင် ကျင်းပပြီး ပထမဆု ၁၀ သိန်းနှင့် ဒုတိယဆု ၅ သိန်းချီးမြှင့်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here