မျိုးသုဉ်းလုနီးဖြစ်နေသော တိုက်လိပ်များ ချင်းတွင်းမြစ်သောင်ပြင်တွင် သန္ဓေအောင်

0
127

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသာရှိပြီး မျိုးသုဉ်းလုနီးဖြစ်နေသော ရှားပါးမျိုးစိတ် ချင်းတွင်းတိုက်လိပ်များ ခန္တီးမြို့နယ် စိန်နန်းသောင်ပြင်တွင် ယခုနှစ် သန္ဓေအောင်ခဲ့ကြောင်း လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာကလျာကပြောသည်။

ချင်းတွင်းတိုက်လိပ် ထိန်းသိမ်းရေးလုပ်ငန်းကို ၂၀၀၆ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ပြီး ချင်းတွင်းမြစ်အတွင်း ရှင်သန်သော လိပ်အထီးအရေအတွက် နည်းသဖြင့် နှစ်စဉ် သန္ဓေမအောင်သော ဥများသာရခဲ့သည်။

၎င်းကြောင့် ၂၀၁၈ ခုနှစ်တွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) လိပ်မျိုးဆက် ရှင်သန်ထိန်းသိမ်းရေးအဖွဲ့နှင့် သစ်တောဌာနတို့ ပူးပေါင်း၍ လိပ်အထီး ၂၀ ကို စိနန်းရွာခြံတွင် မွေးမြူခဲ့သည်။

” မြစ်ရေစီးနှုန်းထဲ ကူးခတ်နိုင်အောင် ကြွက်သားများသန်မာလာအောင် လေ့ကျင့်ပေးပြီးလွှတ်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့( ၁၄) နှစ်ဆက်တိုက် သန္ဓေမအောင်ခဲ့ဘူး၊ ဒီနှစ် သန္ဓေအောင်ပါပြီ”ဟု ဒေါ်ကလျာကပြောသည်။

သစ်တောဦးစီးဌာနမှ ကင်းလှည့်ခြင်းဖြင့် တရားမဝင်နည်းများဖြင့် ငါးမဖမ်းရန် လိပ်ဥသောင်ပြင်များအား အနှောင့်အယှက်ကင်းရန် ထိန်းသိမ်းပေးခဲ့သည်။

WCS နှင့် လိပ်မျိုးဆက်ရှင်သန်ထိန်းသိမ်းရေးအဖွဲ့တို့မှ ရှင်သန်ရန် ကြီးထွားရန် ရောဂါကင်းရန် သားပြန်ပေါက်နိုင်ရန်အတွက် နည်းပညာပိုင်းနှင့် ဘတ်ဂျက်ပိုင်း ထည့်သွင်းဆောင်ရွက်နေသည်။

ချင်းတွင်းမြစ်အတွင်း တိုက်လိပ်အထီး နည်းပါးရခြင်းမှာ ရွှေမျောများမှ ထွက်လာသော မြစ်ရေမှာ ပြဒါးဆိပ်သင့်ခြင်း၊ မိုင်းခွဲမှု တုန်ခါခြင်းကြောင့် သန္ဓေမအောင်မှုများဖြစ်ရသည်ဟု ပညာရှင်များမှ သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here