မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် ဆုရခဲ့သူများအား အစိုးရအဖွဲ့ကြိုဆို

0
141

နေပြည်တော်တွင်ကျင်းပသည့် ၁၉ ကြိမ်မြောက် တိုင်းနှင့်ပြည်နယ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဒိုင်း နှင့် စွယ်စုံတံခွန်စိုက် ဒိုင်းရရှိခဲ့သူများအား တိုင်းအစိုးရမှ ယနေ့ ဂုဏ်ပြု ကြိုဆိုခဲ့သည်။

စစ်ကိုင်းတိုင်း သိုင်းအဖွဲ့မှ အသက် ၁၇နှစ်မှ ၂၅နှစ်အတွင်း သိုင်းကစားသမားပေါင်း၃၃ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၈ ဆု၊ငွေ ၅ ဆု၊ကြေး ၉ ဆု ရရှိခဲ့ပြီး စွယ်စုံတံခွန်စိုက်ဒိုင်းနှင့် အမျိူးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့ကြသည်။

၎င်းအဖွဲ့ အား တိုင်းအစိုးရအဖွဲ့မှ သိန်း ၃၀နှင့် တိုင်းအာ/ကာမှ ၈သိန်းဆုချီးမြှင့်ခဲ့ကြသည်။

” မြန်မာ့သိုင်းကျင့်စဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်ရတာပါ။ ပြိုင်ပွဲအားလုံးကိုနိုင်မှ စွယ်စုံတံခွန်စိုက်ဒိုင်းကိုရတာပါ။ မြန်မာ့ရိုးရာအမွေအနှစ်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်တော့ ပြိုင်ပွဲဝင်တွေအားလုံးကိုယ်စား ဂုဏ်ယူမိပါတယ် “ဟု စစ်ကိုင်းတိုင်းသိုင်းအသင်း၏ အုပ်ချူပ်သူဦးအာယုကပြောသည်။

စစ်ကိုင်းတိုင်းမှ အဆိုပါစွယ်စုံတံခွန်စိုက်ဒိုင်းဆုကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်ပြီး ၂၀၀၄ခုနှစ်တွင် အမျိူးသားတံခွန်စိုက်ဒိုင်းဆုနှင့် ၂၀၁၇တွင် အမျိူးသမီးတံခွန်စိုက်ဒိုင်းဆုသာ ရရှိခဲ့ဖူးသည်။

Image may contain: one or more people, people standing, crowd, sky and outdoor
ဆုရ အားကစားသမားများကို တိုင်းအစိုးရအဖွဲ့က ဆုငွေ ကျပ် သိန်း ၃၀ နှင့် တိုင်းအား/ကာမှ ကျပ် ၈ သိန်း ချီးမြှင့် ခဲ့သည်။ ဓာတ်ပုံ – အိဖြိုး
Image may contain: 2 people, people standing, shoes, sky, child and outdoor
ဆုရ အားကစားသမားများကို တိုင်းအစိုးရအဖွဲ့က ဆုငွေ ကျပ် သိန်း ၃၀ နှင့် တိုင်းအား/ကာမှ ကျပ် ၈ သိန်း ချီးမြှင့် ခဲ့သည်။ ဓာတ်ပုံ – အိဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here