ယာဉ်ကြောပိတ်၍ သံလမ်းဈေးအနီး ခရမ်းချဉ်သီးဈေးတန်းနေရာရွှေ့ရန်စည်ပင်စီစဉ်

0
154

မုံရွာ၊ နိုဝင်ဘာ-၂၀ ခရမ်းချဉ်သီး အရောင်းအဝယ် ပြုလုပ်သည့် ပြည်ထောင်စုလမ်းမပေါ် တွင် ယာဉ်ကြောပိတ်မှုများဖြစ်နေ ၍ အခြားနေရာသို့ ရွှေ့ပြောင်းရန် ဈေးသည်များနှင့်နေရာညှိနေကြောင်းစည်ပင်သာယာရေး ကော်မတီထံမှ သတင်းရရှိသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများ၊ မုံရွာမြို့ တောင်ဘက် ကျွန်းထဲကျးရွာများ၊ မုံရွာ အရှေ့ဘက် ကျေးရွာများ မှ ဆိုက်တွဲများ၊ ဆိုင်ကယ်များနှင့် ရာနှင့်ချီ သံလမ်းဈေးအနီးပွဲရုံ များသို့ လာရောက်ရောင်းချကြခြင်းဖြစ်သည်။

‘ ပြည်ထောင်စုလမ်းမပေါ်က ပွဲရုံ လေးရုံကလည်း သူတို့ရဲ့အိမ်ပွဲရုံမှာပဲ အရောင်းအဝယ် လုပ်ပေးမယ်ပြော တယ်။ သူတို့ ဖောက်သည်တွေကို အကြောင်းကြား ဖို့ သုံးရက်ပဲအချိနန်ပေးပါလို့ပြောတယ် ‘ဟု မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်ဦးဇော်ထွန်းကပြောသည်။

။ ပွဲရုံများအပြင် စစ်ကိုင်းတိုင်း အတွင်းမှမြို့နယ်များ၊ ရန်ကုန်၊မန္တလေး၊ ရှမ်း၊ ကချင်၊ နေပြည်တော်တို့မှလည်း ကုန်တင်ကား၊ လိုက်ထရက်များဖြင့် ခရမ်းချဉ်သီးများ တစ်ရက်လျှင် တန်ချိန် သိန်းချီ လာရောက်ဝယ်ယူ ကြခြင်းဖြစ်သည်။

အဆိုပါ နယ်​ေးမှ ကားဖြင့်လာ ဝယ်သည့် ပွဲစားများကို ရောင်းချသူ အများစုမှာ ချင်းတွင်းမြစ်အနောက် ဘက်မှဖြစ်သဖြင့် မုံရွာအနောက်ဘက် တွင်နေရာပေးလိုက်ပါကဆိုင်ကယ်များနှင့် ကားများ ရှင်းသွားမည်ဟု မျှော်လင့်ရ ကြောင်း ဦးဇော်ထွန်းက ပြောသည်။

‘နေရာကတော့ သူတို့သဘော တူညီချက်နဲ့မှ ရွေးမှာ၊ စဉ်းစားထားတာတော့ရှိတယ်။ မဆုံးဖြတ်ရသေးဘူး။ သူတို့နဲ့တိုင်ပင်မယ်’ဟု ၎င်းကဆက် ပြောသည်။ မြစ်အနောက်ဘက် စည်လောင်ရွာမှ ကိုအောင်ဇော်သန်းက ‘လက်ရှိနေရာလေးကတော့ရောင်းလို့၊ ဝယ်လို့ကောင်းတာပေါ့။ အခြားဆီမှာ နေရာသတ်မှတ်ပေးမယ်ဆို ရောင်းရ အောင် လုပ်ပေးဖို့အရေးကြီးတယ်။ လာဝယ်တဲ့သူတွေကို ကျွန်တော်တို့ ဆီရောက်အောင်လုပ်ပေးရင် အဆင် ပြေတယ်’ဟု ပြောသည်။

လက်ရှိ ပြည်ထောင်စုလမ်းတွင် မရောင်းချစေဘဲ မုံရွာကားကွင်းအနီး ခရမ်းချဉ်သီးဈေးတန်တစ်ခု ပုံဖော်ရန်လွန်ခဲ့သည့် နှစ်နှစ်ကတည်းက စည်ပင်မှ ကြိုးစားသော်လည်း မအောင်မြင် ဖြစ်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here