ရခိုင်မှ ကောလင်းသို့ ပြောင်းလာသော ရဲဝန်ထမ်းမိသားစု COVID-19 ပိုးမတွေ့

0
1689

မောင်စိန်ချို
ပင်လည်ဘူး၊ ဩဂုတ်- ၃၁

ရခိုင်ပြည်နယ်မှ စစ်ကိုင်းတိုင်း ကောလင်းမြို့ မြို့မစခန်းသို့ ပြောင်းရွှေ့တာဝန်ကျသော ရဲတပ်ကြပ်နှင့် ၎င်း၏ မိသားစုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့ဟု ဓာတ်ခွဲအဖြေရခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ရဲဝန်ထမ်းမိသားစုသည် ကောလင်းမြို့မရဲစခန်းသို့ ဩဂုတ် ၂၉ ရက်နေ့ နံနက် ၂ နာရီခန့် ရောက်ရှိခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာနက စစ်ဆေးမှုများပြုလုပ်ကာ ၄င်းနေ့မှာပင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်အား မန္တလေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“မြို့နယ်ကျန်းမာရေးဌာနက ပိုးမတွေ့ကြောင်း ပြောလာပါတယ်။ ပိုးမတွေ့ပေမယ့် သတ်မှတ်ရက်အထိတော့ မိသားစုလိုက် စခန်းထဲက ဓမ္မာရုံမှာနေဖို့ ပြောထားပါတယ်”ဟု ကောလင်းမြို့မရဲစခန်း ဒုရဲမှူး မျိုးသူက ပြောသည်။

ကောလင်းမြို့မရဲစခန်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာသော ရဲဝန်ထမ်းမိသားစု ၃ ဦးကိ​ု ဓာတ်ခွဲအဖြေသိရသော်လည်း သတ်မှတ်ရက်အထိ အသွားအလာကန့်သတ်ထားမည် ဖြစ်သောကြောင့် ပြည်သူများ မစိုးရိမ်ကြရန် ၄င်းက ဆက်ပြောသည်။

ရဲဝန်ထမ်းမိသားစုသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဩဂုတ် ၁၀ ရက်နေ့က ထွက်လာခဲ့ပြီး မုံရွာရှိ တိုင်းအရန်ရဲရုံးအနီးတွင် ၂ ပတ်ခန့် နေထိုင်ပြီးမှ ကောလင်းမြို့မရဲစခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here