ရေဘေးကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များ ထောက်ပံ့ကြေးပေးမည်

0
234

ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းရှိနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်သွားမည်ဟု တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။

ဇူလိုင်လ အတွင်းက ချင်းတွင်းနှင့်ဧရာဝတီမြစ်ရေကြီးမှုကြောင့် ခန္တီး၊ဟုမ္မလင်း၊ မော်လိုက်၊ ကသာ၊ ထီးချိုင့်စသော မြို့နယ်များသို့ လူနေအိမ်များမျောပါ ပျက်စီးမှုရှိခဲ့သဖြင့် စာရင်းကောက်မှုများ ပြုလုပ်နေပြီဖြစ်သည်။

“အခု ရေကပြန်ကျသွားပြီ ပေါ့။ရေမျောပြီး ပျက်စီးခဲ့တဲ့အိမ်တွေ ရှိပါတယ်” ဟုဦးစဝီလီဖရန့်က ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့မှစတင်၍၂၂ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ရေနှင့်ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး အိမ်ထောင်စု ၅၄၀ဝကျော်နှင့်လူဦးရေ ၂၇၀ဝ၀ ခန့်အားရေဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မှတ်တမ်းများတွင်ဖော်ပြထားသည်။

ရေဘေးလွှတ်ရာ ပြောင်းရွှေ့နေထိုင်သူများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး သိန်း ၅၃၀ ကျော်နှင့်အတူ ပစ္စည်းအချို့ တို့ကို ထောက်ပံ့ပေးခဲ့ပြီးယခုအခါ ပျက်စီးခဲ့သည့်နေအိမ်များအတွက်ထပ်မံပံ့ပိုးငွေပေးအပ်သွားမည်ဖြစ် သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here