ရွှေမှော်

0
215

စစ်ကိုင်းတိုင်းဒေသကြီးသည် ချင်းတွင်းအထက်ပိုင်း ဥရုချောင်းတကျောတွင် ရွှေမှော်ကြီးများစွာကို ပိုင်ဆိုင်ထားသည်။ ဟုမ္မလင်းမြို့နယ်တွင်းမှာပင် ရွှေမှော်ကြီး ၁၀ ခု ထက်မနည်းရှိပြီး အဆိုပါ မှော်ကြီးများတွင် ကုန်းမျောနှင့် ရေမျောများ ပါဝင်သည်။ ဟုမ္မလင်းနှင့် ၁၂ မိုင်အကွာရှိ ပင်းမခေါ်မှော်သည် ယခင်ကတည်းက ရွာရှိပြီး အင်းကြီးကို အခြေတည်ကာ ရေမျောမှော်အဖြစ် ပေါ်ပေါက်လာသည်။ လုပ်ကွက်ပေါင်းဆယ်ချီကာ မျောများ တန်းစီရှိနေသည်။

၄ ဧကလုပ်ကွက်ရ ကုမ္ပဏီများမှတဆင့် မျောဖောင်အလိုက် လုပ်ပိုင်ခွင့် ဝယ်ယူလုပ်ကိုင်ကြသည်။ အချို့လည်း ၁ ဧက လက်လုပ်လက်စားလုပ်ကွက်များဖြင့် လုပ်ကိုင်သည်။ ဓာတ်ပုံ – တည်ကြည်အေး
ကုမ္ပဏီလုပ်ကွက်ကြီးများတွင် ၈ လက်မပိုက်နှင့် ၁၀ လုံးထိုးအင်ဂျင်များကိုသုံးကာ ၁ ဧကစာတွင် မျောဖောင် ၁၃ ဖောင်မှ ၁၇ ဖောင် အထိ ရှိသည်။ ဓာတ်ပုံ – တည်ကြည်အေး
မျောဇလားစင်များကို နှစ်ဆင့်ခံထားပြီး အပေါ်မှန်ထောင်မျောဇလားနှင့် အောက်ခံမျောဇလားဟု ခေါ်ကြသည်။ ဓာတ်ပုံ – တည်ကြည်အေး
မျောဇလားဆီ ပို့လွှတ်လိုက်သည့် မျောစာများတွင် အင်ဂျင်မှုန်အိုးကတဆင့် စုပ်ထုတ်ပေးလိုက်သည့် သဲစာများ ပါ၊မပါ အင်ဂျင်ထိန်းသူနှင့် မျောဇလားကိုင်သူ အချိတ်အဆက် အမြဲမပြတ် လုပ်နေရသည်။ ဓာတ်ပုံ – တည်ကြည်အေး
တစ်ဂျူတီလျှင် မနက် ၆ နာရီမှ ညနေ ၆ နာရီထိမောင်းပြီး၊ စက်ရပ်ကာ မျောစာဖတ်များကို သိမ်းလိပ်သည်။ ဓာတ်ပုံ – တည်ကြည်အေး
မျောစာဖတ်အလိပ်များတွင် ပါလာသည့် သဲစာများကို ကန်တစ်ခုထဲ ဆေးချရသည်။ အချိို့က မျောစာဖတ်များကို မလိပ်တော့ဘဲ မျောနားမှာ့ပင် ကန်တစ်ခုခံကာ သဲစာဆေးသည်။ ဓာတ်ပုံ – တည်ကြည်အေး
မျောတိုက်ရရှိလာသည့် သဲစာများကို အင်ဝိုင်းဖြင့် ရွှေကျင်ကြသည်။ မျောတစ်ခုတွင် ပုံမှန်အားဖြင့် မျောလုပ်သားလေးယောက်နှင့် အင်ဝိုင်းအမျိုးသမီး နှစ်ယောက်ခန့် ပါဝင်သည်။ ဓာတ်ပုံ – တည်ကြည်အေး

LEAVE A REPLY

Please enter your comment!
Please enter your name here