ရှမ်းစော်ဘွားတို့ အမွေ

0
57

ချင်းတွင်းမြစ်အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာသည် ရှမ်းစော်ဘွားများ နေထိုင်ခဲ့ရာ ဒေသတစ်ခုဖြစ်သည်။ ၄င်းဒေသတွင် စော်ဘွားများတည်ဆောက်ခဲ့သော ရှေးမူမပျက်တည်ရှိနေဆဲဖြစ်သည့် သိမ်တော်ကျောင်းနှင့် လယ်ပေါ်ကျောင်း၊ ဟော်နန်း၊ စေတီပုထိုးများစွာရှိသည်။ နှစ်ပေါင်း ၃၀ဝ ကျော်က ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်စေရေး ထိန်းသိမ်းနိုင်ရန် ကော်မတီဖွဲ့၍ ကြိုးပမ်နေကြသည်။ သောင်သွပ်ရွာမှ ရှေးဟောင်းအမွေအနှစ်များကို ဓာတ်ပုံကဏ္ဍအနေဖြင့် တင်ဆက်လိုက်ပါသည်။

လွန်ခဲ့သော ၁၂၅၁ ခုနှစ်က ရှမ်းစော်ဘွားကြီး ဦးစောနေခမ်း လှူဒါန်းခဲ့သော မဟာသိမ်တော်သည် ယခုအခါ သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်နေသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
အနုလက်ရာများကို ခန့်မှန်းနိုင်မည့် လယ်ပေါ်ကျောင်း ဘုံခုနှစ်ဆင့်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
လယ်ပေါ်ကျောင်းကြီးအတွင်း စော်ဘွားကြီးများ၏ အသုံးအဆောင် ရွှေပိန်းချ သေတ္တာများကိုလည်း တွေ့ရမည် ဖြစ်သည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
ရှေးမူမပျက် ပကတိအတိုင်း ရှိနေသေးသော သိမ်ကျောင်းတော်၏ အတွင်းပိုင်းနှင့် မျက်နှာကြက်အား ကြည့်ရှု့လေ့လာသူများနေသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
အနုစိတ်လက်ရာအလှများနှင့် လယ်ပေါ်ကျောင်း အတွင်းပိုင်းနှင့် မျက်နှာကြက်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
လယ်ပေါ်ကျောင်းတိုက် သစ်သားဆောင်သည် ရှမ်းစော်ဘွားများ သီလဆောက်တည်ရာ အဆောင်တစ်ခုဖြစ်သည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း