ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံများ အပြန်အလှန်တရားစွဲမှု နှစ်ဖက်စလုံးအား ငွေဒဏ်ချမှတ်

0
293

လက်ပံတောင်းဒေသ ဝက်မှေးရွာဟောင်းဒေသခံများနှင့် ကြေးနီစီမံကိန်းလုပ်ဆောင်နေသော ဝမ်ပေါင်ကုမ္ပဏီတို့ အပြန်အလှန် တရားစွဲဆိုထားသည့်အမှုတွင် နှစ်ဖက်စလုံးအား ဒဏ်ငွေဆောင်ရန် ဆာလင်းကြီးမြို့နယ်တရားရုံးမှ ယနေ့ အမိန့်ချလိုက်သည်။

လွန်ခဲ့သည့်သုံးနှစ်က စွန့်ပစ်မြေစာပုံခြင်းနှင့် ပတ်သက်ပြီး တားဆီးစဉ်က ကုမ္ပဏီဘက်က ပုဒ်မသုံးခုဖြင့်လည်းကောင်း ဒေသခံဘက်မှ ပုဒ်မတစ်ခုဖြင့်လည်းကောင်း တရားစွဲထားကြခြင်း ဖြစ်သည်။

စွန့်ပစ်မြေစာပုံကြောင့် ကျေးရွာ၏ ဘုရားစင်၊ နတ်စင်တို့ မြေပိသွားသဖြင့် တရုတ်နိုင်ငံသား Mr.Yu Guo Li၏ ကားရှေ့တွင် ဒေသခံဒေါ်သွဲ့သွဲ့ဝင်းက ကားရှေ့ဖုံးကို လက်နှင့်ပုတ်ပြီး မည်သူ့ခွင့်ပြုချက်ဖြင့် မြေစာပုံသလဲ မေးမြန်းရာမှ တရုတ်နိုင်ငံသားက ကားစက်နှိုးထွက်သဖြင့် ကားရှေ့ဖုံးပေါ် ဝမ်းလျားမှောက်အနေအထားဖြင့် ပါသွားခြင်းဖြစ်သည်။

“ကားနဲ့တိုက်တဲ့သူကိုလည်း ငွေဒဏ်ချတယ်၊ ကားတိုက်ခံရတဲ့သူကိုလည်း ငွေဒဏ်ချတယ်၊ တရားမျှတမှုမရှိပါဘူးတရုတ်ကို ဘာလို့ ဒီလောက်ထိသက်ညှာနေသလဲလို့ မေးချင်တယ်”ဟု ဒေါ်သွဲ့သွဲ့ဝင်းက ပြောသည်။

ထိုအမှုတွင် ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းကို ကားမဆင်မခြင်မောင်းနှင်မှုဖြင့် လူထိခိုက်ဒဏ်ရာရခဲ့မှု ဒဏ်ငွေ တစ်သိန်း ဆောင်စေပြီး၊ မသွဲ့သွဲ့ဝင်းပါ ဒေသခံ ၇ဦးကို ကျူးကျော်မှု၊ နာကျင်စေမှု၊ အကျိုးဖျက်စီးစေမှုများဖြင့် ဒဏ်ငွေခြောက်သောင်းစီ ပေးဆောင်စေရန် တရားရုံးမှ အမိန့်ချခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here