သနပ်ခါးအမည်ခံ အလှကုန်များအား စစ်မည်

0
248

သနပ်ခါးမပါဘဲ ဈေးကွက်တွင်ရောင်းချနေသော သနပ်ခါးအမည်ခံအလှကုန်ပစ္စည်များအား ယခုလတွင်စစ်ဆေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌဦးကျော်မိုးကပြောသည်။


ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်တင်သွင်းလာသော သနပ်ခါးအလှကုန်များသည်သနပ်ခါး အမည်ခံထားသော်လည်း အမှန်တကယ် သနပ်ခါး ပါဝင်ခြင်းမရှိဘဲ ရောင်းချနေကြသည်ဟု ဆိုသည်။


“မြန်မာနိုင်ငံမှာအဓိကလုပ်ရတဲ့ရည်ရွယ်ချက်က သနပ်ခါးမပါတဲ့အလှကုန်တွေက သနပ်ခါးအမှန်တကယ်စိုက်ပျိုးတဲ့ သူတွေရဲ့ လူမှုဘဝစီးပွားရေးတွေကို ဝါးမြိုခံနေရတယ်လို့ခံစားရတယ်။ အမှန်တကယ်စိုက်ပျိုးတဲ့သူတွေ အတွက် အများကြီးနစ်နာနေတယ်ပေါ့}} \ဟု ဦးကျော်မိုးကပြောသည်။


သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများသည် သနပ်ခါးအမည်အားအသုံးချကာ ဈေးကွက်တွင် ကြော်ငြာအားကောင်းကောင်း၊ ထုတ်ပိုးမှုအားကောင်းကောင်းဖြင့် နေရာယူလာကြသည်။


သနပ်ခါးအလှကုန်ပစ္စည်းဟုအမည်တပ်လိုလျှင် သနပ်ခါးအဆီသော်လည်းကောင်း၊ သနပ်ခါး အမှုန့်သော်လည်းကောင်း အနည်းဆုံး ၂၀ ရာခိုင်နှုန်းပါဝင်မှသာ သနပ်ခါးအမည်တပ်ခံမည်ဟု သနပ်ခါးအသင်းမှ သတ်မှတ်ထားသည်။


သနပ်ခါးနှင့်ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားကူးသန်း၊ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေအဖွဲ့ အစည်းနှင့် မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းတို့ဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

Photo-Credit

LEAVE A REPLY

Please enter your comment!
Please enter your name here