သောက်ရေထဲမှာ ဆေးတွေပါ မနေနိုင်ဘူးလား

0
97
Processed with VSCO with a6 preset

ပါနေနိုင်ပါတယ်။ ဒီကိစ္စကလည်းတနေ့တခြားစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ၂၀ဝ၀ ခုနှစ်အစောပိုင်း တွေတုန်းက အမေရိကန် ပထဝီစစ်တမ်းတစ်ခုကို နိုင်ငံတဝှမ်းလုပ်ခဲ့ရာမှာချောင်းရေရဲ့ ၈၀ % မှာ ဆေးတွေပါနေတာတွေရပါတယ်။ ဘာဆေးတွေလည်းဆိုတော့ ပဋိဇီဝဆေး၊ တားဆေး၊အကိုက်ခဲပျောက်ဆေးနဲ့ စိတ်ကျသက်သာစေတဲ့ ဆေးတွေထိပါဝင်နေတာ တွေ့ရပါတယ်။ သက်ရောက်မှုရှိနိုင်တဲ့ ဆေးတွေရောထဲပါဝင်နေတာကို အင်္ဂလန်အပါအဝင် နိုင်ငံများစွာမှာ တွေ့နေရပါတယ်။ တချို့ရေထဲရောက်လာပုံက လူနာဆီကအညစ်အကြေးကနေ ရောက်လာသလို၊ မသုံးတော့လို့ဆိုပြီး အိမ်သာထဲကိုစွန့်ပစ်တာလည်း ပါဝင်ပါတယ်။


နောက် ရေထဲပါဝင်နိုင်တဲ့နည်းကတော့ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကနေလည်းရောက်သွားနိုင်ပါတယ်။ အစတုန်းကတော့ ဆေးတွေရေထဲပါဝင်နေမှုဟာစိတ်ပူစရာမရှိတဲ့ အလွန်နည်းတဲ့ပမာဏပါ။ နောက်တော့ ရေထဲမှာ ပါဝင်လာမှုဟာ စိုးရိမ်ဖွယ်ပါဝင်နေတာကို တကမ္ဘာလုံးက မြို့ကြီးတွေမှာတွေ့လာရပါတယ်။ ဒီလိုဆေးတွေပါဝင်လာတဲ့အတွက် ရေနေတွေနဲ့ လူတွေအတွက် အန္တရာယ်ရှိလာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here