သြစတေးလျတွင် စစ်အခြေစိုက်စခန်းဆောက်ရန် အမေရိကန်ပြင်ဆင်

0
350

အမေရိကန်ပြည်ထောင်စုကွန် ဂရက်လွှတ်တော်က အမေရိကန် ရေတပ်ကို ဒေါ်လာ ၂၁၁.၅ သန်း အသုံးပြုခွင့်ပေးသည်နှင့် တစ်ပြိုင်နက် အမေရိကန်သည် သြစတေးလျတွင် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံအကို တည်ဆောက်ဖို့ ပြင်ဆင် မည်ဖြစ်ကြောင်း သြစတေးလျနိုင်ငံခြား ရေးဝန်ကြီး မရိုက် ပိတ်းက ပြောသည်။

တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ၎င်း၏လွှမ်းမိုးမှုကို ကျယ်ပြန့် အောင် လုပ်လာရေး အားထုတ်မှုများကို အနောက်နိုင်ငံမဟာမိတ်များက စိုးရိမ် မှုဖြစ်လာချိန်တွင် သြစတေးလျနိုင်ငံ တွင် အမေရိကန်၏ခြေကုတ်ယူရန်အစီ အစဉ် ကြိုးပမ်းမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုသည် အင်အားပြသမှုဆိုင်ရာ ရှေ့ဆောင် အစီအစဉ်ကို ထောက်ပံ့မှုပေးနိုင်မည်ဟု ဝန်ကြီးက ပြောသည်။

သြစတေးလျနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ၎င်းတို့၏ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတိုး မြှင့်ရန် ၂၀၁၁ ခုနှစ်တွင် အဆိုပါ အစီအစဉ်ကို သဘောတူညီမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါရှေ့ဆောင်အစီအစဉ်များ ကြောင့် သြစတေးလျနိုင်ငံတွင် တစ်နှစ် လျှင် အမေရိကန်မရိန်းတပ်သား ၂၅၀ဝ ကို သင်တန်းပေးသွားရန်လိုအပ် မည်ဖြစ်ပြီး မဟာမိတ်နှစ်နိုင်ငံလေတပ် ကြား ပူးတွဲလေ့ကျင့်မှုများလည်း ပုံမှန် ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်သည်။

မည်သို့သော စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံမျိုးကို အမေ ရိကန်ပြည်ထောင်စုက တည်ဆောက် သွားမည်ဆိုသည်ကို ဝန်ကြီးက မပြော ခဲ့သော်လည်း အမေရိကန်သည် သြစတေးလျ မြောက်ပိုင်းနယ်မြေမြို့ တော်ဒါဝင်တွင် ဆိပ်ကမ်းသစ် ဆောက် လုပ်သွားရန် ပြင်ဆင်နေကြောင်း သြစတေးလျ သတင်းမီဒီယာများက သတင်းဖော်ပြသည်။

နှစ်စဉ် အလှည့်ကျသင်တန်း အတွက် တပ်ဖြန့်ထားရှိသော အမေရိ ကန်မရိန်းတပ်သားများကို ဒါဝင်မြို့ရှိ သြစတေးလျ အခြေစိုက်စခန်းတွင် နေထိုင်ခွင့်ပေးထားသည်။ အမေရိကန်စစ်တပ်အတွက် သြစတေးလျနိုင်ငံတွင် လိုအပ်နေသော ကဏ္ဍမှာ ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း လာထရုတ်တက္ကသိုလ်က အမျိုးသား လုံခြုံရေးဆိုင်ရာအစီအစဉ် ညွှန်ကြား ရေးမှူး အီဝမ်ဂရမ်က ပြောသည်။

ဆိပ်ကမ်းဆောက်မည်ဆိုသည့် ထွက်ပေါ်နေသော သတင်းအတွက် ကန်ဘာရာမြို့တော်တွင်ရှိသည့် အမေရိကန်သံရုံးက အတည်မပြုထား သလို သြစတေးလျကာကွယ်ရေးဝန်ကြီး ဌာနကလည်း အမေရိကန်ကွန်ဂရက်စ် လွှတ်တော်က အသုံးစရိတ်ချမှတ်ပေး ချိန်မှသာ အမေရိကန်ဘက်က အစီအစဉ် တိတိကျကျပေါ်ထွက်လာရန် မျှော်လင့်ကြောင်း ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ဒါဝင်မြို့တွင် ဆိပ်ကမ်းအဆောက်အအုံ တည်ဆောက်မည်ဆိုပါက အဆိုပါ နေရာသည် တရုတ်စီးပွားရေးလုပ်ငန်း လန့်ဘရစ်ချ်က ၂၀၁၅ ခုနှစ်မှစတင်ကာ ၉၉ နှစ် အငှားစာချုပ်ဖြင့် လုပ်ပိုင် ခွင့် ရထားသော ဒါဝင်ဆိပ်ကမ်းအနီးတွင် ဆောက်နိုင်ချေရှိသည်။

တရုတ်နှင့် ကုန်သွယ်စစ် ဆင်နွှဲနေ သော အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရရှိပြီးကတည်းက တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများမြင့် တက်နေပြီး တရုတ်သည်လည်း အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးလေ့ကျင့် မှုများ တိုးမြှင့်လုပ်ဆောင်လာနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here