ဟုမ္မလင်းဆိပ်ကမ်းတွင် ကုန်တင်အမြန်ရေယာဉ်တစ်စီး မီးလောင်

0
29134

ဟုမ္မလင်း၊ မေ- ၁၃

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက် ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ယနေ့ ညနေ ၆ နာရီခွဲခန့်က ကုန်တင်အမြန်ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ခဲ့သည်။

၎င်းရေယာဉ်ပေါ်တွင် ဒီဇယ်ပေပါများလည်းပါရှိပြီး မိနစ် ၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

“ဆုံးရှုံးမှုတန်ဖိုးတွေတော့ စာရင်းကောက်နေဆဲပါ”ဟု မီးသတ်ဒုဦးစီး ဝေလုမောင်က ပြောသည်။

အဆိုပါအမြန်ယာဉ်ပေါ်မှ ဒီဇယ်ဆီများအား ကုန်းပေါ်ရှိကားပေါ်သို့ ဟွန်ဒါစက်ဖြင့် မောင်းတင်ထည့်ရာမှ မီးလောင်မှုဖြစ်ခဲ့ကြောင်း ၎င်းဆိပ်ကမ်းအနီးမှ ကိုမျိုးထွန်းမင်းက ပြောသည်။

၎င်းအမြန်ယာဉ်ပေါ်ရှိ ဒီဇယ်ဆီ ပေပါ ၁၃ လုံးခန့် ပေါက်ကွဲလောင်ကျွမ်းခဲ့ပြီး ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းအား ယခုလက်ရှိ သတင်းရေးသားချိန်အထိ ရှာဖွေနေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here