ဟုမ္မလင်းတွင် ရွေးကောက်ပွဲမဲပေးနည်း သင်တန်းပေး

0
781

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ အောက်တိုဘာ -၁၄

နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ မှန်ကန်စွာ မဲပေးတတ်စေရေး မဲပေးနည်းသင်တန်းအား ဟုမ္မလင်းမြို့နယ်တွင် ပြုလုပ်နေသည်။

ပထမအကြိမ် မဲစပေးမည့်သူများ အပါအဝင် တစ်ကြိမ်လျှင် ဒေသခံ ၃၀ ပါသော သင်တန်းအား မြို့နယ်အတွင်း လှည့်လည် သင်တန်းပေးနေခြင်းဖြစ်သည်။

၎င်းသင်တန်းအား ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းက ပြုလုပ်ကြပြီး ရွေးကောက်ပွဲမဲပေးနည်းဆိုင်ရာ အခြေခံအချက်အလက်များအား မျှဝေပေးခြင်း ဖြစ်သည်။

“နောက်ရက်တွေလည်း နောက်ရွာတွေ သင်တန်းလုပ်ဖို့ရှိပါတယ်။ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်သွားမှာပါ”ဟု အသင်းတာဝန်ခံ နန်းနွယ်ရီစံက ပြောသည်။

အဆိုပါသင်တန်းအား ၁၃ ရက်နေ့မှာ ရေလဲကျေးရွာတွင်လည်းကောင်း ၊ ၁၅ ရက်နေ့မှာ နားသဲကျေးရွာတွင်လည်းကောင်း သင်တန်းပြုလုပ်ကြမည်ဟု ဆိုသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းသည် ၁၉၉၉ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ထူထောင်ခဲ့ကြသည်။