ဟုမ္မလင်းတွင် COVID-19 စောင့်ကြည့်လူနာ ၃၀ ဦးထိရှိလာ

0
316

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာ ၃၀ ဦးထိရှိလာကြောင်း ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံဆေးရုံအုပ် ဒေါက်တာ ဝင်းနိုင်ထွန်း က မုံရွာဂေဇက်သို့ ပြောသည်။

” ဌာနဆိုင်ရာတွေ ၊ ပြည်သူတွေ၊ ကျန်းမာရေးဌာန နဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုပေါင်းစည်းပြီးတော့ ရောဂါကူးစက်မပြန့်ပွားအောင် အားထည့်လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ COVID-19 စောင့်ကြည့်လူနာများသည် သီတဂူဆေးရုံတော်တွင် ၁၁ ဦး၊ မြင်သာကျေးရွာ သီးသန့်စောင့်ကြည့်ဆောင်တွင် ၂ ဦး၊ နောင်ပိုအောင်ကျေးရွာသီးသန့်စောင့်ကြည့်ဆောင်တွင် ၃ ဦး ၊ မောင်းခမ်းကျေးရွာ သီးသန့်စောင့်ကြည့်ဆောင်တွင် ၃ ဦး၊ ခိုတောင်းကျေးရွာ နေအိမ်တွင် ၁ ဦး၊ နန်းသညစ်ကျေးရွာ နေအိမ်တွင် ၁ ဦး၊ စုစုပေါင်း ၃၀ ဦးအား
အထူးကြပ်မတ်စောင့်ကြည့်လျက်ရှိသည်။

နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူများလည်း ရပ်ကွက်ရုံးသို့သတင်းပို့ရန် သတင်းမပို့ဘဲ ထိန်ချန်ထားခြင်းများရှိလျှင် အရေးယူမည်ဖြစ်ကြောင်းဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများမှနိုးဆော်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here