ဟုမ္မလင်း လက်ဖက်ခြောက်

0
193

စစ်ကိုင်းတိုင်းဟာ ရှမ်းပြည်နယ်လောက် လက်ဖက်ခြောက်ကောင်းထွက်ရာဒေသမဟုတ်ပေမဲ့ အထက်ချင်းတွင်း ဟုမ္မလင်းဒေသကထွက်တဲ့ လက်ဖက်ခြောက်ဟာလည်း အရသာတစ်မျိုးနဲ့ နာမည်ကျော်ပါတယ်။ ဟုမ္မလင်းဒေသမှာ လက်ဖက်စိုက်ကျေးရွာပေါင်း ၃၃ ရွာရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ဟုမ္မလင်းက လက်ဖက်ခြောက်ထုတ်လုပ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။

ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ခင်း ဧကပေါင်း ၈ ထောင်ကျော်ရှိသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
လက်ဖက်ရွက်များ ညှိုးသွားစေရန် နာရီဝက်ခန့် ပေါင်းချောင်ဖြင့် ပေါင်းရသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
ပေါင်းပြီးသားလက်ဖက်များကို လိပ်သွားသည်အထိ နယ်ပေးရပြန်သည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
ခြောက်သွေ့စေရန် ၂ ရက်ခန့် နေလှန်းရသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
လက်ဖက်ခြောက်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ကိုင်မှုများအထိ ရှိသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
ဆန်ခါချသည့်အခါ အရည်အသွေးမတူသည့် လက်ဖက်ခြောက်သုံးမျိုး ရရှိသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း
ဒေသထွက်လက်ဖက်ခြောက်များကို ဟုမ္မလင်းမြို့အပြင် မုံရွာ၊ မန္တလေး မြို့များသို့ အများဆုံး တင်ပို့ကြသည်။ ဓာတ်ပုံ – တင်မျိုးငြိမ်း