အကြမ်းမဖက်ရန် ဆရာတော်ကြီးများ မေတ္တာရပ်ခံ

0
40

မုံရွာဂေဇက်
မုံရွာ၊ မတ် – ၅

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပြည်သူလူထုအား အကြမ်းမဖက်ရန် ဆရာတော်ကြီးများ မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်းဒေသကြီးသံဃနာယကအဖွဲ့နှင့် မုံရွာမြို့နယ်သံဃနာယကအဖွဲ့နာယကဆရာတော်များ၊ မုံရွာမြို့နယ် သံဃာနာယကအဖွဲ့ ( ရွှေကျင်)တို့မှ ယနေ့မေတ္တာရပ်ခံသဘောထားထုတ်ပြန်သည်။

ထုတ်ပြန်စာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသောပြည်သူ လူထုကြီးအား အကြမ်းမဖက်သောနည်းဖြင့်သာ ဖြေရှင်းရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော အကြီးအကဲများနှင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေကြရသော ပြည်သူများကို အမြန်လွှတ်ပေးရန်ပါရှိသည်။