အခွန်တံဆိပ်ခေါင်း မကပ်သည့် စားသောက်ဆိုင် ၅ဆိုင် မှ ဒဏ်ကြေး ၁၀ သိန်းကျော်ရ

0
243

တံဆိပ်ခေါင်း တပါတည်း မကပ်သဖြင့် မုံရွာမြို့မှ စားသောက်ဆိုင် လုပ်ငန်းရှင်၅ ဦးထံမှ ဒဏ်ကြေးငွေ ကျပ် ၁၀
သိန်းကျော် ရရှိခဲ့ခဲ့ကြောင်း စစ်ကိုင်းတိုင်း အခွန်ဦးစီးဌာန ညွန်မှူး ဦးဝင်းအောင်ညိုက ပြောသည်။


၂၀၁၆ နိုဝင်ဘာလကတည်းကစားသောက်ဆိုင်များအနေဖြင့် အခွန်တံဆိပ်ခေါင်းကပ်ရန် စစ်ကိုင်းတိုင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားထားရာအခွန်တံဆိပ်မကပ်သဖြင့် စားသုံးသူဘက်မှ တိုင်ကြားခဲ့သည်ကို အရေးယူခဲ့ခြင်းဖြစ်သည်။


“ပြည်သူကတိုင်ကြားလို့ ဒဏ်ကြေးရိုက်တာပါ။ တံဆိပ်ခေါင်းကပ်ခိုင်းတာကြာပြီ။ တစ်နိုင်ငံလုံးကရတဲ့ဒဏ်ကြေး
တွေနဲ့ယှဉ်ရင် ဒီတိုင်းဒေသကြီးက နည်းတယ်။ ရန်ကုန်၊ မန္တလေးက ပိုရ တယ်” ဟု စစ်ကိုင်းတိုင်း အခွန်ဦးစီး
ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းအောင်ညိုက ပြောသည်။


စစ်ကိုင်းတိုင်းတွင် ဟိုတယ်၊တည်းခိုခန်း၊ စားသောက်ဆိုင်နှင့်ရွှေဆိုင်များအား ပြေစာပေါ်တွင် အခွန်တံဆိပ်ခေါင်းမကပ်လျှင် ဒဏ်ကြေးကောက်ခံရာ မုံရွာမှစားသောက် ဆိုင်၅ ဆိုင်သာ ဒဏ်ကြေးရ ရှိခဲ့ခြင်းဖြစ်သည်။


၂၀၁၈-၂၀၁၉ ကာလတို ဘတ်ဂျက် (၂၀၁၈ ဧပြီမှ စက်တင်ဘာ)အတွင်း ပြေစာပေါ်တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် စားသောက်ဆိုင်များသို့ ၁၇၆ သန်း၊ ဟိုတယ်၊ တည်းခိုခန်းများသို့၇၈ သန်း၊ ရွှေဆိုင်များသို့ ၆၆ သန်းကျော်ဖိုး စစ်ကိုင်းတိုင်းအခွန်ဦးစီးဌာနမှတံဆိပ် ခေါင်းရောင်းချထားကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here