အင်အားပြလှည့်လည်မှုတွင် လူအစုအပြုံလိုက် မလိုက်ရန် တစ်သီးပုဂ္ဂလအမတ်လောင်း တောင်းပန်

0
1111
ဓာတ်ပုံ- ကျော်ဇေယျ

မောင်စိန်ချို
ပင်လည်ဘူး၊ အောက်တိုဘာ- ၁၇

ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလအမတ်လောင်းသည် ၎င်းအတွက် အင်အားပြလှည့်လည်ပွဲ၌ ဝန်းရံသူများစွာ မလိုက်ရန် တောင်းပန်ခဲ့သည်။

ကိုဗစ်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် စည်းကမ်းများ လိုက်နာစေရေးအတွက် ၄၈ ဦးသာ လိုက်ပါစေခဲ့သည်ဟု ဆိုသည်။

ကတူးတိုင်းရင်းသား ဦးဇော်မျိုးထွန်းသည်
အင်းတော်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ယှဉ်ပြိုင်မည်ဖြစ်ပြီး ယမန်နေ့က မော်လူးမြို့တွင်းလှည့်လည် အင်အားပြမှု လုပ်ဆောင်ခဲ့သည်။

“အင်အားတစ်ရာကျော်လောက် လိုက်ပါဖို့ ရှိနေတယ်။ ကျန်းမာရေးညွှန်ကြားချက်နဲ့ လူဦးရေအကန့်သတ်ရှိနေလို့ ဝန်းရံချင်သူတွေကို တောင်းပန်ပြီး ထားခဲ့ရတာ”ဟု အမတ်လောင်း၏ကိုယ်စားလှယ် ကိုကျော်ဇေယျက ပြောသည်။

မော်လူးမြို့သည် ၆ ရပ်ကွက်ရှိပြီး အင်းတော်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)ထဲ ပါဝင်သည်။

“သူ့ကို(ဦးဇော်မျိုးထွန်း)အများကြီးလည်း မျှော်လင့်ထားတယ်။ သူက ကတူးလူမျိုးတစ်ဦးလည် းဖြစ်တယ်။ ကျွန်မတို့ အင်းတော်မြို့နယ် ကတူးဒေသအတွက် သူ့ကို နိုင်စေချင်တယ်”ဟု အင်အားပြပွဲတွင် လိုက်ပါဝန်းရံခဲ့သူ ဂွေ့ကြီးကျေးရွာနေ မခင်စောဝင်းက ပြောသည်။

အင်းတော်မြို့နယ်တွင် ပါတီပေါင်း ၆ ခုမှ အမတ်လောင်း ၆ ဦးနှင့် တစ်သီးပုဂ္ဂလ ၁ ဦးဝင်ပြိုင်မည် ဖြစ်သည်။