အညာဒေသထွက် မြေပဲဆားလှော်

0
307

မုံရွာမြေပဲဆားလှော်အဖြစ် လူသိများသည့် အညာဒေသထွက်ကုန်တစ်ခုကို မုံရွာအနီး မအူရွာတွင် အဓိကလုပ်ကိုင်သည်။ လက်ဖြင့်မွှေလှော်သည့် တစ်နိုင်တပိုင်မှသည် စက်ဒလက်ဖြင့်မွှေလှော်သည့် စီးပွားဖြစ်လုပ်ငန်းများအထိရှိသည်။ နိုင်ငံကျော် မအူမြေပဲဆားလှော်သည် အညာလက်ဆောင်ဖြစ်သည်။ ယခုတပတ် ဓာတ်ပုံကဏ္ဍတွင် မအူရွာက မြေပဲဆားလှော်လုပ်ငန်းတစ်ခုအကြောင်း ဖော်ပြပေးလိုက်ပါသည်။

မြေပဲကို မလှော်ခင် ဆားရည်နှင့် ဦးစွာပြုတ်ရသည်။ လှော်သည့်အခါတွင်လည်း ဆားနှင့်လှော်ရသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်
တစ်ဒယ်လျှင် လေးပြည်သားခန့်ရှိပြီး လှော်ချိန် ၁၀ မိနစ်ဝန်းကျင်သာကြာသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်
ဒယ်အိုးတွင်း ထည့်ထားပြီးသည်နှင့် ယောင်းမ (သို့မဟုတ်) စက်ဒလက်ဖြင့် အဆက်မပြတ် မွှေနေဖို့လိုသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်
အကျက်ညီပြီး အရောင်ညီရရှိနိုင်ရေး အဆက်မပြတ် စောင့်ကြည့်နေရသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်
လှော်ပြီး မြေပဲဆားလှော်ကို ထန်းခေါက်တောင်းများဖြင့်ထည့်ကာ အအေးခံသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်
ဈေးကွက်အမှာအရ မြေပဲဆားလှော်ထုပ် အရွယ်အစားစုံ ထုပ်ပိုးရောင်းချနေသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်
မုံရွာမြေပဲဆားလှော်သည် အညာဒေသထွက်ကုန်အဖြစ် ဆယ်စုနှစ်ချီရှိလာပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနေသည်။ ဓာတ်ပုံ-အောင်ဇော်ဇော်

LEAVE A REPLY

Please enter your comment!
Please enter your name here