အညာနွေ ရေအခက်

0
143

အပူပိုင်းဇုံတွင်းရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးသည်လည်း နှစ်စဉ် နွေရောက်တိုင်း ရေအခက်ကြုံသည့် ကျေးရွာများရှိနေသည်။ ယခုနှစ် နွေတွင်လည်း ရွာပေါင်း ၆၀ ခန့် ရေအခက်အခဲ ရှိနေသည်။ ယင်းအထဲတွင် မုံရွာမြို့မှ ခတက္ကန်တောင်ကျေးရွာလည်း ယခုနှစ်မှစကာ ရေအခက်အခဲကြုံလာရာ ဓာတ်ပုံကဏ္ဍအဖြစ် ဖော်ပြလိုက်ပါသည်။

နှစ်စဉ် ဗောဓိတထောင်တမံမှရေကို မှီခိုနေရပြီး ယခုနှစ်နွေတွင် တမံတွင်း ရေခမ်းခြောက်မှုကြောင့် ရေအခက်ကြုံလာခြင်းဖြစ်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
တမံရေမရတော့သည့်အတွက် ရွာပြင်အနောက်ဘက်ရှိ စက်ရေတွင်းမှရေကို သွားရောက်သယ်ယူသုံးစွဲနေကြရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
အများစုသည် စက်ရေတွင်းကန်မှရေကို တနိုင်တပိုင် ပုံးကလေးများဖြင့် သယ်ကြသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
အချို့က လှည်းဖြင့် စုပေါင်းသယ်ကြသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
စက်တွင်းရေသည် သုံးရေအဆင်ပြေသော်လည်း သောက်ရေအတွက် အခြားနေရာမှ (သို့) ရေသန့်ဝယ်သုံးရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
တမံဆောက်ပြီး ၁၃ နှစ်အကြာတွင် ယခုကဲ့သို့ နွေရာသီရေအခက် အခဲ စတင်ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်

LEAVE A REPLY

Please enter your comment!
Please enter your name here