အမ်ဖန်မုန်တိုင်း နောက်ဆက်တွဲအန္တရာယ်များအတွက် စစ်ကိုင်းတိုင်းပြင်ဆင်

0
7846

မုံရွာ၊ မေ- ၁၉

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်တိုက်ခတ်ပါက ၎င်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးများနိုင်သဖြင့် သဘာဝဘေးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

မုန်တိုင်းပြီးဆုံးလျှင် တိမ်တိုက်များသည် ကလေး၊ မော်လိုက်၊ ခန္တီး၊ လဟယ်မြို့နယ်များတွင် မိုးသည်းထန်စွာရွာနိုင်သဖြင့် ချောင်းအနီးနေသူများ၊ သစ်ဝါးခုတ်သူများ၊ ရွှေလုပ်ကွက်များ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းများတွင် မြေပြိုအန္တရာယ်၊ ရေကြီးအန္တရာယ်များရှိနိုင်သဖြင့် အထူးသတိထားရန် အသိပေးခြင်းများ လုပ်ဆောင်နေသည်ဟုဆိုသည်။

“ရာသီဥတုက တော်တော်ပူတာ ၆ လလောက်ရှိပြီဆိုတော့ မြေတွေက တအားခြောက်သွေ့နေတာ။ မိုးရွာလို့ အစိုဓာတ်နဲ့တွေ့ရင် ချက်ချင်းအစေးမကပ်ဘဲ မြေပြိုတာတွေဖြစ်နိုင်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစဝီလီဖရန့်က ပြောသည်။

မုန်တိုင်းသည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက် ရွှေ့လျားနိုင်ချေ မရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားပြီး နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဇဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မိုးဇလ

LEAVE A REPLY

Please enter your comment!
Please enter your name here