အရာတော်မြို့နယ်မှ အမျိုးသမီးတစ်ဦး ပိုးတွေ့

0
780

မုံရွာဂေဇက်
မုံရွာ၊ စက်တင်ဘာ-၁၅

မန္တလေးတိုင်းဒေသကြီးမှ ပြန်ရောက်လာသည့် မုံရွာခရိုင် အရာတော်မြို့နယ်က အသက် ၁၉ နှစ်ရှိ အမျိုးသမီးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း တိုင်းအဆင့်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့ည သတင်းထုတ်ပြန်သည်။

လူနာနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထပ်မံ သတင်းထုတ်ပြန်မည် ဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် ယခင်က စစ်ကိုင်းမြို့မှ ၃ ဦး၊ ကလေးမြို့မှ ၆ ဦး ပိုးတွေ့လူနာရှိခဲ့ပြီး အားလုံး သက်သာပျောက်ကင်းခဲ့သည်။

ယခုလက်ရှိ ကလေး၊ မော်လိုက်၊ အင်းတော်၊ ကောလင်း၊ မြောင်၊ မြင်းမူ၊ ဘုတလင်၊ တန့်ဆည်၊ အရာတော်မြို့နယ်တို့မှ ပိုးတွ​ေ့လူနာ စုစုပေါင်း ၁၁ ဦး ရှိပြီဖြစ်သည်။