အသားစားမယ်ဆိုရင်

0
103

လူတွေဟာ ကမ္ဘာဦးကတည်းက အစုံစား သတ္တဝါတွေအဖြစ် သီးနှံတွေအပြင် အသားငါး တွေကိုပါ ရှာဖွေစားသောက်ကြပါတယ်။ ဒါကြောင့်အသားစားတဲ့ ဓလေ့ဟာ အခုထိ ရှင်သန်နေဆဲ ဆိုရမှာပါ။

ဒီတစ်ပတ်တော့ အသားတွေ စားသောက် ခြင်းအတွက် ဘာတွေသတိထားသင့်သလဲဆိုတဲ့ အချက်အလက်တွေကိုရှာတွေတင်ပြသွားပါ့မယ်။

ဝက်သား

ဒုတိယကမ္ဘာစစ် ကာလက အစာရေစာ ရှားပါးတော့ အိမ်မှာမွေးထားတဲ့ ဝက်အပါအဝင် တိရစ္ဆာန်များကို အစာရေစာ မကျွေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဝက်ဆိုတဲ့ သတ္တဝါကတော့ အခြား အိမ်မွေးတိရစ္ဆာန်တွေရဲ့ မစင်ကိုစားပြီး ရှင်သန် နိုင်တာကို တွေ့ခဲ့ကြပြီးတဲ့နောက် မီးဖိုချောင်ထွက် အညစ်အကြေးတွေရော၊ လူကနေထွက်တဲ့ အညစ်အကြေးတွေကိုပါပေါင်းပြီး ဝက်တွေကို ကျွေး၊ အသားတိုးအောင်လုပ်၊ တစ်ခါအဲဒီ ဝက်တွေကို အသားပေါ်ပြီး ပြန်စားလုပ်ခဲ့ကြတဲ့ အစဉ်အလာဟာ ဒီနေ့ဒီအချိန်ထိပါပဲ။ အချို့ ဝက်မွေးသူ တွေက အိမ်တကာက မီးဖိုချောင်တွေ ကနေ စွန့်ပစ်ထားတဲ့ ထမင်း၊ ဟင်း အကျန်တွေကို ပေါင်းပြီး ဝက်တွေကို ကျွေးမွေးနေကြဆဲ ဖြစ်ပါ တယ်။ ဒီတော့ ဝက်သားဟာလဲ တုတ်ကောင်တွေ ပါတယ်၊ လူကိုဝစေတယ်၊ မသန့်ရှင်းတဲ့ အစား အစာတွေကိုစားပြီး အသားတိုးလာတယ် အစရှိ သဖြင့် နာမည်ဆိုးနဲ့ကျော်ကြားတော့တာပဲပေါ့။ ဒါပေမဲ့ ဝက်သားကိုကောင်းကောင်းကျက်အောင် ချက်မယ်ဆိုရင် လူကိုအန္တရာယ်ဖြစ်နိုင်ခြေ အလယ်အလတ်အဆင့်ပဲ ရှိပါတယ်။

အအေးခံထားသောအသားများ

အသားတွေကို အအေးခံ လိုက်မယ် ဆိုရင် မချက်ခင်မှာ အဲဒီအသားခဲ နေတာကို သဘာဝ အတိုင်း အရည်ပျော်အောင် လုပ်ဖို့ အရေးကြီး ပါတယ်။ အိမ်ရှင်မ အများစုဟာ ရေခဲသေတ္တာ ထဲက အေးခဲမာတောင့် နေတဲ့အသားကို ရေနွေး ပွက်ပွက်ဆူထဲပစ်ထည့်တတ်ကြပါတယ်။ အဲဒါဟာ အသားထဲမှာပါတဲ့ လစ်စတီးရီးယားပိုးကို မသေ စေနိုင်ဘူးလို့ ပညာရှင်တွေက သတိပေးထား ပါတယ်။ လစ်စတီးရီးယား ပိုးကြောင့် ဝမ်းကိုက်၊ ဝမ်းလျှော၊ အော့အန်ခြင်း ပြင်းထန်စွာ ဖြစ်စေ နိုင်ပြီး အရပ်အခေါ် အစာ အဆိပ်သင့် တဲ့ ဝေဒနာကို ခံစားရပါတယ်။ အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တွေသားပျက်၊ သားလျှော နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကောင်းမွန်တဲ့ သာမန်လူငယ်တွေက လစ်စတီးရီးယား နည်းနည်း ပါလာတာလောက်ကို ခြေဖျက်နိုင်စွမ်း ရှိတဲ့အတွက် အအေးခံ အသား တွေရဲ့လူအားအန္တရာယ် ဖြစ်စေနိုင်ခြေကို အလယ် အလတ်အဆင့်လို့ပဲ သတ်မှတ်ထားပါတယ်။

အသားခြောက်များ

လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ မြင့်မားပါ တယ်။ သာမန် အသားတွေမှာ ဗက်တီးရီးယား က အပေါ်ယံလွှာ မှာပဲရှိတဲ့ အတွက် ချက်ပြုတ် လိုက်တဲ့အခါ ဒီပိုးတွေသေသွားပါတယ်။ အသား ခြောက်တွေ ကိုကျတော့ ထုပ်ပိုးရလွယ်အောင်၊ အမြင်လှအောင် အချောင်းလိုက်လှီးတာ၊ အပြား လိုက်လှီးတာ လုပ်ရပါတယ်။ အဲဒီလို လှီးတဲ့အခါ အသား မျက်နှာပြင်ပေါ်က ဗက်တီးရီးယား တွေကို အသားရဲ့ အလယ်ခေါင်ထဲ နစ်ဝင် သွားအောင် ဓားသွားကတွန်းပို့ပေးပါတယ်။ ဒါကို မကျက် တကျက်ကင်တာတို့၊ ချက်ပြုတ် စားသောက်တဲ့ အခါမှာ ပွက်ပွက် ဆူအောင် မပြုတ်ဘဲ ဒီအတိုင်း ချက်လိုက်တာတို့ လုပ်မယ်ဆိုရင် လစ်စတီးရီးယား ဗက်တီးရီးယား တွေကို လက်နဲ့ခပ်ယူပြီး မျိုချနေတဲ့ အတိုင်း ဖြစ်နေမှာပါ။

ကြက်သား

လူကို အန္တရာယ် ဖြစ်စေနိုင်ခြေအမြင့်ဆုံး ဖြစ်ပါတယ်။ ကြက်သားကဘာဖြစ်လို့ လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံးလဲလို့ မေးလာ မယ်ဆိုရင်တော့ လူတွေစားတာ အများဆုံး ဖြစ်လို့ပါ။ ဝက်၊ အမဲ အစရှိတာ တွေကို လူတိုင်း မစားကြ ပေမယ့် ကြက်သားကိုတော့ လူတိုင်း စားပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ ကြက်သား ဟာ လူကိုအန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ကြက်ကိုအမွေးနုတ်တဲ့ အချိန်ကစပြီးသင့်ဟင်းအိုးထဲ စထည့်တဲ့အထိ ရေအမျိုးမျိုး၊ လက်အမျိုးမျိုး၊ မျက်နှာပြင် အမျိုးမျိုး၊ ထုပ်ပိုးမှု အမျိုးမျိုးနဲ့ ရောက်လာတာမို့ ကြက်သား မှာ ဗက်တီးရီးယားတွေက ဆိုးရွားစွာပျံ့နှံ့ နေပါ တယ်။ ဒါ့ပြင် ကြက်သားဟာ နူးညံ့ပြီး အသားမှာ အမြှောင်းတွေ ပါပါတယ်။ လစ်စတီးရီးယား ဟာ အဲဒီ အမြှောင်းတွေထဲမှာဝင်နေပြီး ကြက်သား ကလဲ နူးတာမြန်တော့ အကြိမ် ၁၀ဝ မှာ ၁၀ ဒသမ ၅ ကြိမ်ကတော့ လစ်စတီးရီးယား ပါတဲ့ ကြက်သားကို လူတွေ စားနေကြတာ ဖြစ်ပါတယ်။

ဒီတော့ ဘယ်လို လုပ်ကြမလဲ။ မိသားစု တစ်စု လုံးရဲ့ ကျန်းမာရေးဟာ ဈေးဝယ်သူရဲ့ လက်ထဲမှာ ရှိပါတယ်။ ကိုယ်ကအသားကို အလကား ယူတာ မဟုတ်ဘူး။ ပိုက်ဆံပေးပြီး ဝယ်တာပါ။ ဒီတော့ စိတ်ကြိုက်ရွေးပါ။ အသားကို ထုပ်ထားတာ အရည်တွေ အများကြီး ထွက်နေရင် မဝယ်ပါနဲ့။ အသားထည့်ထားတဲ့ပုံးကို ငုံ့ကြည့်ပါ။ ခြောက်သွေ့ နေရင် အဲဒီအသား လတ်ပါတယ်။ အရိအရွဲတွေ ထွက်နေတယ်ဆိုရင် အဲဒီအသားဟာ ရက်ကြာ နေပါပြီ။

အသားကို မဆေးပါနဲ့လို့အမေရိကန် ပြည် ထောင်စုအစားအစာနှင့် အဖျော်ယမကာ ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ကဆိုပါတယ်။ အသားကို ရေဆေးတာ ဘယ်ဗက်တီးရီးယားကိုမှ မသေစေတဲ့ အပြင် တစ်နေရာထဲစုနေတဲ့ ဗက်တီးရီးယားကို ကိုယ်က အသားအနှံ့ရောက်အောင် ပွတ်ဖြန့် ပေးရာရောက်ပြီး ကိုယ့်လက်၊ အဝတ်အစား၊ လက်ဆေးကန် အစရှိတဲ့ နေရာတွေကိုလဲ ဗက်တီးရီးယားတွေ ပျံ့နှံ့သွားစေတယ်လို့ ဆိုပါတယ်။

သင့်လက်၊ စဉ်းတီတုံး၊ ဟင်းပြင်ဆင်တဲ့ စားပွဲ အစရှိတာတွေကို မကြာမကြာ အထူး သန့်ရှင်းရေး လုပ်ပေးပါ။ ရေနွေးပူပူနဲ့ ဆပ်ပြာရည် ဖျော်ပြီး ဆေးဖို့ လိုအပ်ပါလိမ့်မယ်။ လက်နှီး သုံးတယ်ဆိုရင် ရေနွေးပူ ဆပ်ပြာရည်နဲ့ နေ့တိုင်းလျှော်ပါ။ အသား ကို မကျက်တကျက် ဘယ်တော့မှ မစားပါနဲ့။ သင့်ဟင်းအိုးဟာ အပူချိန်ကို ဖော်ပြတဲ့စနစ် ရှိတယ်ဆိုရင် ၁၆၀ ဒီဂရီ ဖာရင်ဟိုက် ရောက်တဲ့ အထိ အပူပေးရပါမယ်။ အသား အမျိုးမျိုး ကနေ လူကိုဖြစ်ပွားစေနိုင်တဲ့ ရောဂါ အထွေထွေ အကြောင်းလေ့လာရေးသား တင်ပြ လိုက်ရပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here