အား/ကာသိပ္ပံကျောင်း သင်တန်းသားများအား သတ်မှတ် အချိန်ဇယားအတိုင်း အပြည့်အဝ မကျွေးနိုင်

0
121

မုံရွာအား/ကာသိပ္ပံကျောင်းတွင် တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများကို သတ်မှတ်ထားသော ကျွေးမွေးအချိန်ဇယားများအတိုင်း အပြည့်အဝ မကျွေးမွေးနိုင်ကြောင်း ကျောင်းအုပ်ကြီး ဦးတင်ဝင်းက ပြောသည်။

ထိုသို့ အပြည့်အဝမကျွေးမွေးနိုင် ခြင်းမှာ ဘဏ္ဍာငွေအခြေအနေအရဖြစ် သည်ဟု ၎င်းကဆိုသည်။ “အကျွေးအမွေးအချိန်များ သတ် မှတ်ပြီး ကျွေးမွေးလျက်ရှိပါတယ်။ ညလယ်အားဖြည့်စာကတော့ နေ့စဉ် မကျွေးနိုင်ပါဘူး။ ဒါကတော့ ဘဏ္ဍာ ငွေအခြေအနေအရ နှစ်ပတ်ကိုတစ် ကြိမ်၊ တစ်လကို နှစ်ကြိမ်လောက်ပဲ ကျွေးမွေးနိုင်တဲ့အနေအထား ဖြစ်ပါ တယ်။ နောက်တစ်ခါ လန်းဆန်းစာ ဆိုတဲ့ နေရာမှာလည်း အများကြီး မကျွေးနိုင်ပါဘူး။ ငှက်ပျောသီးတို့ ကြက်ဥတို့ပဲနို့တို့ အလှည့်ကျ ကျွေးမွေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကျောင်းအုပ်ကြီးက ပြောသည်။

သင်တန်းသား၊ သင်တန်းသူများ အား နေ့စဉ်ကျွေးမွေးချိန် ၅ ချိန် သတ် မှတ်ထားပြီး နံနက်စာ၊ နေ့လယ်စာ၊ လန်းဆန်းစာ၊ ညနေစာနှင့် ညလယ် အားဖြည့်စာတို့ဖြစ်သည်။ “ထမင်းနဲ့ အရန်ဟင်းကတော့ ကြိုက်သလောက်စားလို့ရတယ်။ အသားတို့ကတော့ သူတို့ထည့်ပေး သလောက်ပဲစားရတယ်” ဟု ဘောလီ ဘော အားကစားကို တက်ရောက်သင် ကြားနေသော သင်တန်းသူတစ်ဦးက ပြောသည်။

ကျောင်းစတင်ဖွင့်လှစ်စဉ်က ဘူဖေးစနစ်ဖြင့် ကျွေးမွေးနိုင်ခဲ့ပြီး ယခုအခါ ကုန်ဈေးနှုန်းအနေ အထား အရ ဘူဖေးမကျွေးနိုင်တော့ကြောင်း ကျောင်းအုပ်ကြီး ဦးတင်ဝင်းက ပြောသည်။

အဆိုပါကျောင်းတွင် ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့် အလေး မအားကစားနည်း ၁၀ နည်း သင်ကြား ပေးပြီးသင်တန်းသား ၂၈၁ ဦး တက်ရောက်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here