အား/ကာသိပ္ပံကျောင်း သင်တန်းသားများအား သတ်မှတ် အချိန်ဇယားအတိုင်း အပြည့်အဝ မကျွေးနိုင်

0
117

မုံရွာအား/ကာသိပ္ပံကျောင်းတွင် တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများကို သတ်မှတ်ထားသော ကျွေးမွေးအချိန်ဇယားများအတိုင်း အပြည့်အ၀ မကျွေးမွေးနိုင်ကြောင်း ကျောင်းအုပ်ကြီး ဦးတင်ဝင်းကပြောသည်။

ထိုသို့ အပြည့်အဝမကျွေးမွေးနိုင်ခြင်းမှာ ဘဏ္ဍာငွေအခြေအနေအရဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အကျွေးအမွေးအချိန်များသတ်မှတ်ပြီး ကျွေးမွေးလျက်ရှိပါတယ်၊ညလယ်အားဖြည့်စာကတော့ နေ့စဉ်မကျွေးနိုင်ပါဘူး၊ဒါကတော့ ဘဏ္ဍာငွေအခြေအနေအရ နှစ်ပတ်ကိုတစ်ကြိမ်၊ တစ်လကို နှစ်ကြိမ်လောက်ပဲ ကျွေးမွေးနိုင်တဲ့အနေအထားဖြစ်ပါတယ်၊ နောက်တစ်ခါ လန်းဆန်းစာဆိုတဲ့နေရာမှာလည်း အများကြီးမကျွေးနိုင်ပါဘူး၊ငှက်ပျောသီးတို့ ကြက်ဥတို့ ပဲနို့တို့ အလှည့်ကျ ကျွေးမွေးဆောင်ရွက်လျက်ရှိပါတယ်”ဟု ကျောင်းအုပ်ကြီးကပြောသည်။

သင်တန်းသား၊ သင်တန်းသူများအား နေ့စဉ်ကျွေးမွေးချိန် ၅ ချိန်သတ်မှတ်ထားပြီး နံနက်စာ၊ နေ့လယ်စာ၊ လန်းဆန်းစာ၊ ညနေစာနှင့် ညလယ်အားဖြည့်စာတို့ဖြစ်သည်။

“ထမင်းနဲ့ အရန်ဟင်းကတော့ ကြိုက်သလောက်စားလို့ရတယ်။ အသားတို့ကတော့ သူတို့ထည့်ပေးသလောက်ပဲစားရတယ်”ဟု ဘောလီဘော အားကစားကို တက်ရောက်သင်ကြားနေသော သင်တန်းသူတစ်ဦးကပြောသည်။

ကျောင်းစတင်ဖွင့်လှစ်စဉ်က ဘူဖေးစနစ်ဖြင့် ကျွေးမွေးနိုင်ခဲ့ပြီး ယခုအခါ ကုန်ဈေးနှုန်းအနေအထားအရ ဘူဖေးမကျွေးနိုင်တော့ကြောင်း ကျောင်းအုပ်ကြီး ဦးတင်ဝင်းကပြောသည်။

အဆိုပါကျောင်းတွင် ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့် အလေးမအားကစားနည်း ၁၀နည်း သင်ကြားပေးပြီးသင်တန်းသား ၂၈၁ ဦး တက်ရောက်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here