အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဘောလုံးပွဲ မုံရွာတွင်ပြုလုပ်

0
117

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အနုပညာရှင်များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိအနုပညာရှင်များ ၊ဌာနဆိုင်ရာ ဘောလုးံဝါသနာရှင်များပါဝင်သော အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဘောလုးံပြိုင်ပွဲကို ယနေ့ညနေပိုင်းက မုံရွာ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

၎င်းပြိုင်ပွဲကို နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ပြုလုပ်ခြင်းဖြစ်သည်။

ချစ်ကြည်ရေးပွဲတွင် ဇာတ်မင်းသား ဖိုးချစ် ခေါင်းဆောင်၍ နိုင်းဝမ်း၊ဝီလျံ၊သူထူးစံ၊ဒီဖြုးိ၊ကျော်ကျော်၊နေဒွေးတို့ပါဝင်သော မဟာအသင်း နှင့် မဏိပူမှ Mami Thawan အသင်းမှ အနုပညာရှင်များ ယှဉ်ပြိုင်ခဲ့ကြသည်။

၎င်းပွဲသို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အစိုးရအဖွဲ့ဝင်အချို့ ပွဲချိန်ပြည့် လာရောက်အားပေးခဲ့ကြသည်။

ယင်းချစ်ကြည်ရေးပွဲတွင် မြန်မာအသင်းမှ မှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here