အိမ်ရှေ့ ဖုန်းပြောနေသော လူငယ်အား လူနှစ်ဦးမှ ဓားဖြင့်ထိုးပြီး ထွက်ပြေး

0
162

ကိုအောင်ကြီး
မုံရွာ၊ နိုဝင်ဘာ – ၁၉

မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် နယ်မြေ ၇ အောင်ဇေယျလမ်းတွင် နေအိမ်ရှေ့ ဖုန်း V-Call ပြောနေသော လူငယ်တစ်ဦးအား လူနှစ်ဦးမှ ဓားဟုယူဆရသော ချွန်ထက်သောပစ္စည်းဖြင့် လည်ပင်းအားထိုးကာ ထွက်ပြေးသွားမှု ယမန်နေ့ (နိုဝင်ဘာ ၁၈) ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဓားထိုးခံရသော အသက် ၂၀ အရွယ်လူငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့သည်။

“နေပြည်တော်က သူ့သူငယ်ချင်းနဲ့ပြောနေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လူနာမည်လာမေးတယ်ပြောတယ်။အဲဒီလူက ဒီလမ်းမှာ မဟုတ်ဖူးလို့ ပြောနေတုန်း ဝင်ထိုးသွားတာလို့ သူ့အိမ်ကလူတွေဆီက သိရတယ်။ အိမ်ကလူတွေကလည်း အထဲမှာဆိုတော့ မသိလိုက်ကြဘူး၊ သူက အော်ခေါ်ပြီး ပြန်ပြောမှသိတာ”ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။

၎င်းဖြစ်စဉ်အားနယ်မြေရဲစခန်းတွင် လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဖွင့်ထားသည်။

လူသတ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးနိုင်ရေး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။