ဥရောပသို့ ရောင်းချတော့မည့် Realme X50 Pro 5G 6 Pro နဲ့ 5i

0
146

တရုတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Realme ဟာ သူတို့ရဲ့ ဈေးကွက်ချဲ့ထွင်မှုကို ဥရောပအထိ ခြေဆန့်တော့မှာဖြစ်ပါတယ်။ ဥရောပမှာ စတင်ရောင်းချသွားမယ့် ဖုန်းတွေကတော့ X50 Pro 5G၊ 6 Pro နဲ့ 5i တို့ပဲ ဖြစ်ပါတယ်။

Realme X50 Pro 5G

X50 Pro 5G ကတော့ Realme ဖုန်းတွေထဲမှာ ပထမဆုံး 5G စနစ်သုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး 5G ဖုန်းနဲ့ ဥရောပဈေးကွက်ကို ထိုးဖောက်သွားမှာပါ။

Realme X50 Pro 5G ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ မျက်နှာပြင်ဟာ ၆.၄၄ လက်မရှိပြီး FullHD+Super AMOLED display ကို အသုံးပြုထားပါတယ်။ 128GB/6GB RAM၊ 128GB/8GB RAM၊ 256GB/12GB RAM ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ရရှိမှာဖြစ်ပါတယ်။

ကင်မရာလေးလုံးတပ်ဆင်ထားမှာဖြစ်ပြီး အဓိကကင်မရာကတော့ 64MP ကင်မရာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဖုန်းကို Realme ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူလို့ရပြီး မေလအလယ် လောက်မှာပဲ တရားဝင်ရောင်းချသွားမှာပါ။

Realme 6 Pro

မျက်နှာပြင်က ၆.၆ လက်မရှိပြီး FHD+ resolution နဲ့ IPS Display တို့ကို အဓိကထား အသုံးပြုထားပါတယ်။ ကင်မရာကလည်း လေးလုံးတန်းပုံစံနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အဓိက ကင်မရာကတော့ 16MP ကင်မရာဖြစ်ပါတယ်။ ဆယ်လ်ဖီအတွက်လည်း 8MP ultrawide ကင်မရာကိုလည်း တပ်ဆင်ထားပါတယ်။ chipset ပိုင်းမှာလည်း Snapdragon 720G ကို အသုံးပြုထားပါတယ်။ Realme ရဲ့ ပြိုင်ဘက်လို့ပြောလို့ရတဲ့ Xiaom ဟာလည်း ဒီ Snapdragon 720G ကိုပဲ အသုံးပြုထားတဲ့ ဖုန်းတွေကိုပဲ ဒီနှစ်ထဲမှာ ထုတ်လုပ်ဦးမှာပါ။

နှစ်အစကာလမှာ Snapdragon 720G ဖုန်းတွေကို ထုတ်လုပ်မယ်လို့ Brand နှစ်ခုစလုံးက ကြေငြာထားခဲ့ပေမယ့် အခုအရင်ဆုံးဈေးကွက်ထဲ ထွက်ရှိလာတာကတော့ Realme ပဲဖြစ်ပါတယ်။

Pre-Order တင်လို့ရနေပြီဖြစ်ပြီး မေ ၇ ရက်နေ့မှာ ရောင်းချသွားမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here