၂၀၂၀ ခုနှစ်အတွက် စောင့်မျှော်ရမယ့် မိုဘိုင်းဖုန်းများ

0
405

၂၀၁၉ ခုနှစ်ဟာ မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် စံချိန်တင်အမြတ်တွေရခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး မထင်မှတ်ထားတဲ့ တားဆီးပိတ်ဆို့မှုတွေ လည်းဖြစ်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းစံချိန်တင်ရောင်းချမှုတွေထဲမှာ Xiaomi ဖုန်းတွေဟာအလျင်အမြန်ပဲ ဈေးကွက်အတွင်းထိပ်ဆုံးကိုရောက်ရှိခဲ့တဲ့ဖုန်းတွေဖြစ်ပြီးမေလအတွင်းမှတရုတ်နိုင်ငံရဲ့အကြီးမားဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei ကုမ္ပဏီကိုအမေရိကန်သမ္မတဒေါ်နယ်ရန့်ရဲ့ပြင်းထန်တဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။၂၀၂၀ ခုနှစ်အတွင်း ဘာဖုန်းတွေထွက်လာမလဲ၊ ဘယ်လိုဖုန်းအမျိုးအစားတွေကို မျှော်လင့်လို့ ရမလဲဆိုတာကို မုံရွာဂေဇက်ပရိသတ်အတွက် ကောက် နှုတ်ဖော်ပြလိုက်ပါတယ်။

Samsung Galaxy S11 & S11+/S20

၂၀၂၀ ခုနှစ်အစောပိုင်းလောက်မှာပဲဆမ်ဆောင်းဖုန်းအသစ်တစ်လုံးကိုမိတ်ဆက်မယ်လို့သတင်းတွေထွက်နေခဲ့ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အတွင်းဖြစ်ပါတယ်။ ဆမ်ဆောင်းက ထုတ်လုပ်မယ့် ဖုန်းအသစ်တွေမှာ ပြောင်းလဲမှု တစ်ခုကတော့ ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကိုယခုထုတ်လုပ်နေတဲ့ မျက်နှာပြင်ထက် ပိုမိုသေး ငယ်တဲ့ဖုန်းတွေထုတ်မယ်လို့လည်းသတင်းစကားတွေထွက်ပေါ်နေပါတယ်။ဖုန်းအသစ်တွေမှာ 5G စနစ်လည်း ပါလာနိုင်ချေရှိနိုင်ပါတယ်။သတင်းအတိအကျမထုတ်ပြန်သေးပေမယ့် S20 လောလောဆယ်အမည်ပေးထားတဲ့ ဖုန်းတွေမှာအရင်ကထက်ပိုကြီးမားတဲ့ကင်မရာတွေပါလာနိုင်ချေရှိပါတယ်။

Oppo Find X2

Oppo Find X2 မှာ ထွက်ရှိပြီးသား Oppo Find X2 မှာ ပြဿနာတက်ခဲ့တဲ့ Notch ပြဿနာကို ပြန်လည်ပြင်ဆင် မှုတွေ ပါလာနိုင်ပါတယ်။ ဒါ့အပြင် သေချာတဲ့ သတင်းတစ်ခုက ရေးသား ထားချက်အရ လာမယ့် Find X စီးရီး တေွမှာ under-display ကင်မရာတွေကို အသုံးပြုသွားမယ်လို့ သိရှိရပါတယ်။ Snapdragon ၈၆၅ ကိုအသုံးပြုမယ်လို့ Oppo ကုမ္ပဏီဘက်က အစောပိုင်းလ တေွတုန်းကအတည်ပြုပြောကြားထား ခဲ့ပါသေးတယ်။

Nokia 8.2 5G

တစ်ခေတ်တစ်ခါက မိုဘိုင်းဖုန်း ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့Nokia လည်း ၂၀၂၀ ခုနှစ်မှာ 5G ဖုန်းတစ်လုံးနဲ့ ပြန်ဝင်လာနိုင်ချေရှိပါတယ်။ Nokia ကုမ္ပဏီနဲ့ Qualcomm ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်လာမယ်ရလဒ်ကတော့ နိုကီရာဖုန်းတွေမှာQualcomm Snapdragon 7 စီးရီးကို လာမယ့်နိုကီရာဖုန်းတွေမှာထည့်သွင်းလာမှာပါ။လာမယ် MWC 2020 ပွဲမှာသူ့ရဲ့ဖုန်းအသစ်ကိုမိတ်ဆက်သွားမယ်လို့လည်းအတည်ပြုပြောကြားခဲ့တာပါ။ Nokia 8.2လတ်တလောအမည်ပေး ထားကြပါတယ်။

Xiaomi Mi 10

၂၀၂၀ ခုနှစ်အတွင်း Mi 10 ကိုမိတ်ဆက်မယ်လို့ဒီဇင်ဘာလအတွင်းက Xiaomi ကုမ္ပဏီက ပြောကြားခဲ့တဲ့ အတွက်လည်းမျှော်လင့်ရမယ့်ဖုန်းတစ်လုံးထဲပါဝင်လာခဲ့ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ Mi 10 မှာ Qualcomm Snapdragon 865 ပလက်ဖောင်းကိုပထမဆုံးအသုံးပြုမယ့်ဖုန်းတစ်လုံးဖြစ်နေတဲ့အချက်ပါပဲ။ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ မှာ ပထမဆုံးမိတ်ဆက်နိုင်ချေရှိပါတယ်။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ဖေဖော်ဝါရီလမှာ ရရှိမှာ ပါ။Mi 10 rmS 108-megapixel ကင်မ ရာပါလာမယ်လို့ မျှော်လင့်နေကြပါ တယ်။

Realme X50

Realme ကလည်း ၂၀၂၀ အစော ပိုင်းလတွေမှာMid-Range ဖုန်းတစ် လုံးကိုမိတ်ဆက်လာနိုင်ချေရှိပါတယ်။ 5G စနစ်လည်း ပါဝင်လာဦးမှာပါ။ဖြစ်နိုင်ချေရှိတာကတော့ Realme X50 စီးရီးကိုတရုတ်ပွဲတော်မတိုင်မီမှာထွက်လာနိုင်ပါတယ်။Realme X50 ဟာRealme ဖုန်းတွေထဲမှာပထမဆုံး 5Gစနစ်သုံးဖုန်းတစ်လုံးပါ။ သတင်း တွေအရတော့ Realme X50 မှာမျက်နှာပြင်အကျယ်6.44 လက်မရှိပြီ AMOLED display ကိုအသုံးပြုသွားမှာပါ။ Rear Camera ကိုတော့ ဆိုနီရဲ့ IMX686 ကင်မရာကိုအသုံးပြု ထားပါ တယ်။ ဘတ္တရီကတော့ 4500 mAh နဲ့ လာနိုင်ချေရှိပါတယ်။

Samsung ရဲ့ ခေါက်နိုင်ကွေးနိုင်တဲ့ ဖုန်းအသစ်

ဆမ်ဆောင်းရဲ့ Foldable မိုဘိုင်း ဖုန်းတွေဟာ ၂၀၁၉ ခုနှစ်မှာ ပထမ ဆုံးအကြိမ်မိတ်ဆက်နိုင်ခဲ့ပါတယ်။မထွက် ခင်ကတည်းက လူစိတ်ဝင်စားတဲ့ ဖုန်း တစ်လုံးဖြစ်ပြီး ထွက်လာချိန်မှာလည်း ဝေဖန်ချက်မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖုန်း တစ်လုံးပါ။ လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ဆမ်ဆောင်းကုမ္ပဏီဟာနောက် ထပ် Foldable ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လာနိုင်ချေရှိပါတယ်။

လတ်တလော သတင်းတွေအရ တော့ ဆမ်ဆောင်းဟာ သူ့ရဲ့ Foldable ဖုန်းအသစ်အတွက်Moto Razr ရဲ့ ပုံစံကို လေ့လာနေတယ်လို့ သိရပါ တယ်။ အခုထွက်ထားတဲ့အရွယ်အစား ထက် ပိုမိုသေးငယ်ပြီး အလွယ်တကူ အိတ်ဆောင်သယ်သွားလို့ရတဲ့ Foldable ဖုန်းတစ်လုံးလည်းထွက်လာနိုင်ချေရှိပါတယ်။

Huawei P40 & P40 Pro

၂၀၁၉ ခုနှစ်ဟာ Huawei ကုမ္ပဏီအတွက်အထိနာခဲ့ရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒါပေမယ့်Huawei ကုမ္ပဏီအတွက် ကံကောင်းမှုတစ်ခုကတော့ လတ်တ လော တရုတ်နိုင်ငံအတွင်းဈေးကွက်ကို အသာစီးရနေတဲ့ အချက်ပါပဲ။ အဲဒီ အချက်ကိုအခွင့်ကောင်းယူပြီး Huawei ကုမ္ပဏီဟာပြင်ဆင်ချက်မျိုးစုံ၊ကြိုတင် ကာကွယ်မှုမျိုးစုံနဲ့ ၂၀၂၀ ခုနှစ်ကို ရင်ဆိုင်ရမှာပါ။သတင်းတွေအရတော့ Huawei ကုမ္ပဏီမှာလာမယ့် မတ်လ အတွင်း ပါရီမြို့မှ P40 & P40 Pro တို့ကိုမိတ်ဆက်လာနိုင်ချေရှိပါတယ်။ အဓိကကင်မရာနေရာမှာတော့ 64- megapixel ကင်မရာကိုအသုံးပြုတပ် ဆင်ထားမှာပါ။

Apple iPhone 12 & iPhone 5G

၂၀၁၉ ခုနှစ်မှာ Apple ကုမ္ပဏီ ကနေ iPhone 11 စီးရီးကို ထွက်ရှိခဲ့ ပေမယ့်မပါရှိခဲ့တာကတော့ 5G စနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့်လာမယ့်အိုင်ဖုန်းအသစ်တွေမှာ 5G စနစ်သုံး အိုင် ဖုန်းကို မြင်တွေ့ရဖို့ အလားအလာ ရှိနေပါတယ်။ iPhone 12 လည်း ၂၀၂၀ ခုနှစ်မှာထွက်ပေါ်လာဦးမှာပါ။ဒီဇိုင်းပုံစံအသစ်နဲ့မြင်တွေံမှာဖြစ်ပြီး Notch လည်းပါဝင်မှာမဟုတ်ပါဘူး။ 5G စနစ်လည်း iPhone 12 မှာပါလာဦးမှာလား၊ဒါမှမဟုတ်သီးသန့် ထည့်ထားတဲ့ အိုင်ဖုန်းအသစ်တစ်လုံး ကိုများမိတ်ဆက်ဦးမလားဆိုတာကတော့စောင့်ကြည့်ရဦးမှာပါ။

OnePlus 8

OnePlus 8 ဖုန်းရဲ့ ဒီဇိုင်းအပြင် အဆင်တွေဟာ သိပ်မကြာခင်အချိန် တုန်းကအပ​ြင်ကိုပေါက်ကြားလာခဲ့ပါတယ်။ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအရတော့ OnePlus 8 ဖုန်းအသစ်ဟာ ဆမ်ဆောင်းဖုန်းနဲ့တူညီနေတာကို တွေ့ရပါတယ်​ Curved Display ၊ Punch Hole ကင်မရာသုံးလုံးတပ်ဆင် ထားတာကိုမြင်တွေ့ရပါတယ်။ နောက် ဆုံးထုတ် Qualcomm Snapdragon 865 ကိုအသုံးပြုလိမ့်မယ်လို့ မျှော်လင့်ထားပြီး ဧပြီလအတွင်းမှာ မိတ်ဆက် လာနိုင်ချေရှိပါတယ်။

Apple iPhone SE 2/iPhone 9

ဒီတစ်ခုကတော့ ၂၀၂၀ အတွင်းမှာ ထွက်လာနိုင်ချေ ရှိ၊ မရှိဆိုတာတော့ မသေချာပါဘူး။ ဒါပေမယ့် iPhone SE ရဲ့ သတင်းတွေဟာလည်း ၂၀၁၉ ခုနှစ်အတွင်းတော်တော်ထွက်ရှိခဲ့တာကြောင့် ၂၀၂၀ မှာ ထွက်လာနိုင်တဲ့ စာရင်းထဲပါဝင်လာခဲ့တာပါ။ဈေးချိုချိို နဲ့ ဝယ်ယူလို့ရမယ့် iPhone SE တွေပဲ ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်အ​ေတွင်းမှာ သူတို့ရဲ့အိုင်ဖုန်းတွေဟာဈေးနှုန်းမြင့်မားတာကြောင့်ထင်သလောက်ရောင်းမကောင်းခဲ့ပါဘူး။ ဒီပ​ြဿနာကိုဖြေရှင်းဖို့ကို Apple ကုမ္ပဏီဘက်တစ်ခုခုလုပ် မယ်ဆိုရင်တော့ ဈေးချိုချိုနဲ့ရမယ့် အိုင်ဖုန်းအသစ်တွေကို ထုတ်လုပ်ဖို့ပဲ ရှိပါတယ်။ Ref – gizmo

LEAVE A REPLY

Please enter your comment!
Please enter your name here