၂၀၂၀ အတွင်း ယာဉ်တိုက်မှုကြောင့် တစ်ပတ် ကိုးယောက်နှုန်း သေခဲ့

0
1155

အိအိမွန်
မုံရွာ၊ ဇန်နဝါရီ – ၁၈

၂၀၂၀ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု အချက်အလက်များအရ တစ်ပတ်လျှင် ကိုးယောက်နှုန်း ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။

ပြီးခဲ့သည့်နှစ်များထက် ယာဉ်တိုက်မှုအကြိမ်ရေနှင့် ထိခိုက်၊ သေဆုံးသူဦးရေ လျော့နည်းသွားသော်လည်း တစ်ရက် ၃ မှုနှုန်း ဖြစ်နေဆဲ ဖြစ်သည်။

“ကိုဗစ်ကာလဆိုတော့ ယာဉ်လိုင်းတွေ ပိတ်ထားတယ်။ အသွားအလာလည်း ကန့်သတ်လိုက်တော့ ယာဉ်တိုက်မှုတော့ ကျသွားတယ်”ဟု မုံရွာယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်မတော်တဆမှုကြောင့် ၂၀၂၀ ခုနှစ်အတွင်း ဒဏ်ရာရသူ ၁၉၀၂ ဦး ရှိခဲ့ပြီး သေဆုံးသူ ၄၄၈ ဦး ရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

၂၀၁၉ နှစ်ကလည်း ဒဏ်ရာရသူ ၂၅၀၀ ကျော်နှင့် သေဆုံးမှု ၄၆၀ ကျော် သေဆုံးခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၂၀၁၉၊ ၂၀၂၀ ခုနှစ် တို့တွင် တစ်နှစ်လျှင် ငွေကျပ် သိန်းပေါင်း ၄၆၀၀ ကျော် ဆုံးရှုံးမှုရှိခဲ့သည်။